Category Archives: News
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
============================================ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ============================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပဲမခမ်းကျေးရွာအုပ်စု၌ (၁၅-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ခဲ့သည့် နေအိမ် (၁) လုံးအတွက် တန်ဖိုးသင့်နှုန်းထားဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၈၀၀၀)ကျပ်ကိုလည်းကောင်း၊ ပွတ်စုကျေးရွာအုပ်စု၌ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်ခဲ့သည့် နေအိမ် (၂) လုံးအတွက် တန်းဖိုးသင့်နှုန်းထားဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၂၀၀၀)ကျပ်ကိုလည်းကောင်း … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တာချီလိတ်မြို့တွင် မူးယစ်ပြန်လည်ထူထောင်ရေး စခန်းဖွင့်လှစ်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း
စက်တင်ဘာ ၂၄၊ တာချီလိတ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာချီလိတ်မြို့၊ ဘဒ္ဒန္ဓဓမ္မသီရိ (နဂါးနှစ်ကောင်ဆရာတော်ကြီး) အား ဖူးမျှော်ကြည်ညိုခြင်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်း အသစ်တည်ဆောက်ဖွင့်လှစ်မည့် လုပ်ငန်းများစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက နဂါးနှစ်ကောင်ကျောင်းတိုက်ရှိ၊ ဘဒ္ဒန္ဓဓမ္မသီရိ (နဂါးနှစ်ကောင်ဆရာတော်ကြီး)အား သွားရောက်ဖူးမျှော်ကြည်ညိုပြီး သင်္ကန်း၊ နဝကမ္မအလှူငွေ ဆပ်ကပ်လှူဒါန်း ခြင်းနှင့် တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်တွင် ပန်း၊ ဆီမီး ကပ်လှူပူဇော်ပြီး အလှူငွေများလှူဒါန်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၉.၂၀၁၈) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာတွင် ရွာသူ ရွာသား (၁၀၀)ဦးတို့အား သဘာဝဘေးအသိ ပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2018 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) အချိန်မှ (၁၃း၃၀) နာရီအချိန်အထိ ဟားခါးမြို့နယ်၊ အိုင်ဘဲကျေးရွာ၌ ကျေးရွာနေပြည်သူလူထု (၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ချင်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #chn_Sep2018
-
ငလျင်ဘေး၊ မီးဘေးနှင့် မုန်တိုင်းဘေး အန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့ရှိ အ.ထ.က (၁) ကျောင်း၌ (၂၄-၉-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် ငလျင်ဘေး၊ မီးဘေးနှင့် မုန်တိုင်းဘေး အန္တရာယ်များအကြောင်း သိကောင်းစရာများနှင့် ဆောင်ရန်/ ရှောင် ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ရာ ကျောင်းသား/သူ (၂၅၀) ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား အသိပညာပေးဗီဒီယိုပြသခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဗီနိုင်းပိုစတာများအား ပေးအပ်ခဲ့ကြောင်းသတင်းရ ရှိပါသည်။ … Read more
-
ငလျင်ဘေး၊ မီးဘေးနှင့် မုန်တိုင်းဘေး အန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့ရှိ အ.ထ.က (၂) ကျောင်း၌ (၂၄-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ငလျင်ဘေး၊ မီးဘေးနှင့် မုန်တိုင်းဘေး အန္တရာယ်များအကြောင်း သိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ရာ ကျောင်းသား/သူ (၂၀၀) ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား အသိပညာပေးဗီဒီယိုပြသခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ငလျင်ဘေး အန္တရာယ်ဆိုင်ရာ ဗီနိုင်းပိုစတာများအား ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး … Read more
-
လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော ကမ္မဌာန်းကျောင်းဓမ္မာရုံအတွက် ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်၊ နယ်မြေ (၂) ၌ (၁၇-၉-၂၀၁၈) ရက်နေ့၊ (၂၃း၃၀) အချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော ကမ္မဌာန်း ကျောင်းဓမ္မာရုံအတွက် ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၂၄-၉-၂၀၁၈) ရက်နေ့ တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #shn_sep2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာ ယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့၊ ဈေးကြီးအနီး၊ ပြည်သူ့ဆေးရုံရှေ့၌ မီးဘေးအန္တရာယ်ဆိုင် ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ် (၁) ခုအားလည်းကောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ငလျင်ဘေးအန္ တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ် (၁) ခုအားလည်းကောင်း (၂၄-၉-၂၀၁၈) ရက်နေ့တွင် စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_eqk #ar_fir #mgy_sep2018
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၂၃.၉.၂၀၁၈)ရက်နေ့တွင် ပျဉ်းမနားမြို့နယ်အတွင်း ရွာသစ်ကျေးရွာ အုပ်စု၊ ကျွန်းကုန်းကျေးရွာတွင် မီးဘေးဖြစ်ပွားမှုကြောင့် လူနေအိမ်(၁)လုံး မီးလောင်ကျွမ်းခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀/-) ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ဖိုးငွေ(၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၀၅၀၀/-)ကျပ်နှင့် (၃၇၃၅၃/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး(၁)အိမ်ထောင်စာတို့အား (၂၄.၉.၂၀၁၈)နေ့ (၁၁း၃၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_sep2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာ ဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လက်ပတောကျေးရွာအုပ်စု၊ ကျေးရွာ(၃)ရွာတို့၌ (၁၆.၉.၂၀၁၈)ရက်နေ့ လေဘေးသင့် ပြိုလဲ နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက် ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (ပလပ်စတစ်ပုံးပါ) (၁) အိမ်ထောင်စာ၊ လူ(၅)ဦးအတွက် ဆန်ဖိုး(၇)ရက်စာ(၁၀၅၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၄)လုံးအတွက် တန်ဖိုးသင့်နှုန်းထားဖြင့် ထောက်ပံ့ငွေ (၃၃၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၄၀၅၀၀/-)ကျပ်တို့အား (၂၄.၉.၂၀၁၈)ရက်နေ့တွင် အုတ်ဖိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more









