ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုတွင် ထိခိုက်ဒဏ်ရာရရှိသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုသတင်း

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ် ရှိ မိုင်တိုင်အမှတ် (၂၂၉/၂) နှင့် (၂၂၉/၃) အကြား၌ (၁-၁၀-၂၀၁၈) ရက်နေ့ (၂၃:၂၀) အချိန်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး နေပြည်တော်ခုတင် (၁၀၀၀) ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှုခံယူနေသည့် လူနာ (၁၃) ဦးအား လူမှုကာကွယ်စောင့်ရှောက်ရေးအနေဖြင့် (၁) ဦးလျှင် (၅၀,၀၀ဝ/-) နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း (၆၅၀,၀၀ဝ/-) ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေနှင့် တာဝန်ရှိသူများက (၃-၁၀-၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#dydg

#npw_Sep2018

Sign Up

Upcoming Events