
================================================
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် (၄-၁၀-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဘိုကလေးမြို့နယ်၊ အမှတ် (၈) ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကျောင်းသား/သူများကို သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာနက မီးဘေးအကြောင်း ဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးအကြောင်း သိကောင်းစရာများဟောပြောခြင်းနှင့် ကြက်ခြေနီသူနာပြုတပ်ခွဲက ရှေးဦးပြုစုခြင်းများ ဆွေးနွေးခဲ့ကြပါသည်။
ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ်သို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၂၀၀) ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။