
================================================
Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း ရေကာကျေးရွာအုပ်စု၊ ဇီးဖြူတန်းကျေးရွာ၌ (၂၉-၉-၂၀၁၈) ရက်နေ့နှင့် (၁-၁၀-၂၀၁၈) ရက်နေ့တို့တွင် လေဘေးဖြစ်ပွားမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၅၀၀၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၈) အိမ်ထောင်စာ၊ လူဦးရေ (၃၆) ဦးအတွက် ဆန်ဖိုးငွေ (၇၅၆၀၀ိ/-) တို့အား (၂-၁၀-၂၀၁၈) ရက်နေ့၊ (၁၁း၂၀) နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ဲကြောင်း သိရှိရပါသည်။