လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

3 Pic_02 3 Pic_01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ တင်ကုတ်ကြီး ကျေးရွာနှင့် ချဉ်မြစ်ကျဉ်းကျေးရွာတို့၌ (၁-၁၀-၂၀၁၈) ရက်နေ့တွင်ဖြစ် ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တင်ကုတ်ကြီးကျေးရွာရှိ အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၄) လုံးမှ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ပစ္စည်း (၅) မျိုး(၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀,၀၀၀/-) ကျပ် အားလည်းကောင်း၊ ချဉ်မြစ်ကျဉ်းကျေးရွာရှိ အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၅) လုံးမှ အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ပစ္စည်း (၅) မျိုး (၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၃၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈၀,၀၀၀/-) ကျပ်အား (၃-၁၀-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက် ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:         ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#sgg_oct2018

Sign Up

Upcoming Events