ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အထူးကိုယ်စားလှယ်တို့တွေ့ဆုံမှုသတင်း

4 Pic 01 4 Pic 02အောက်တိုဘာ၊ ၃ရက်၊ နေပြည်တော်
(၆၉) ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM) တက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့သို့ရောက်ရှိနေသောလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ ဒေသစံတော်ချိန်နံနက် (၁၀း၀၀) အချိန်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဘာဝဘေးလျော့ပါးရေးဆိုင်ရာအထူးကိုယ်စားလှယ် Ms. MamiMizutori နှင့် United Nations Office for Disaster Risk Reduction ရုံးတွင် တွေ့ဆုံခဲ့ ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးကရာသီဥတုပြောင်းလဲဖြစ်ပေါ်မှုကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ရိုးဖြစ်စဉ် မဟုတ် သောသဘာဝဘေးများရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ မိမိတို့အနေဖြင့် ပြောင်းလဲမှုအားလိုက်လျောညီထွေ ရင်ဆိုင် တုံ့ပြန်နိုင်ရေးကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာသဘာဝဘေးလျော့ပါးရေးမူဘောင်ဖြစ်သည့် Sendai Framework နှင့် လိုက်လျောညီထွေစွာ မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချ ရေးလုပ်ငန်းစီမံချက် (၂၀၁၇) (Myanmar Action Plan on Disaster Risk Reduction – MAPDRR) ကို ဆက် နွယ် ပတ်သက်သူအားလုံးပါဝင်ရေးဆွဲပြုစုထားပြီးလုပ်ငန်းများအကောင်အထည်ဖေါ်လျက်ရှိပါကြောင်း၊ မြန်မာပြည်သူများ သဘာဝဘေးဒဏ် ကြံ့ကြံခံရင်ဆိုင်နိုင်ရန် မိမိတို့ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ လုပ်ငန်းပမာဏကြီးမား ကျယ်ပြန့် သဖြင့် နိုင်ငံအတွင်းမှ ဆက်နွယ်ပတ်သက်သူအားလုံးပူးပေါင်းဆောင်ရွက်နေသကဲ့သို့ နိုင်ငံတကာပညာရှင်များ၏ နည်းပညာပံ့ပိုးကူညီမှု၊ စီမံချက်များအတွက်ထောက်ပံ့မှု၊ မြန်မာနိုင်ငံ၏သဘာဝဘေးစီမံခန့်ခွဲနယ်ပယ်မှ တာဝန်ရှိသူ များစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးဆောင်ရွက်မှုတို့အားဆက်လက်ပံ့ပိုးမှုလိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းဒေသ ကြီး၊ ပြည်နယ်အလိုက် ဘေးအန္တရာယ်ကျရောက်နိုင်ခြေဆန်းစစ်မှုများပြုလုပ်နိုင်ရန် ကြိုးစားလျက်ရှိရာ United Nations International Strategy for Disaster Reduction (UNISDR) ကဲ့သို့ သဘာဝဘေးလျော့ပါးရေး ဦး ဆောင်ရေးအဖွဲ့မှ ပံ့ပိုးကူညီမှုရှိပါက ပိုမိုသင့်လျော်ကောင်းမွန်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့် လူကြောင့်ဖြစ် သောဘေး များစီမံခန့်ခွဲရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအားဆောင်ရွက်လျက်ရှိရာတွင် မသန်စွမ်းများအပြင် ထိခိုက် လွယ်သူအားလုံးကိုမကျန်လပ်စေရန်နှင့် တန်းတူညီမျှကူညီမှုရရှိစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုအားပိုမိုထိရောက်ကောင်းမွန်စွာအကျိုးပြုနိုင်ရန် ဥပဒေ၊ နည်းဥပဒေများကို ပြန်လည်ဆန်းစစ်မှုများဆောင်ရွက်လျက်ရှိပါကြောင်း၊ပံ့ပိုးပူးပေါင်းကူညီမှုအားလည်းအသိအမှတ်ပြုကျေးဇူးတင်ပါကြောင်းပြောကြားသည်။ကုလသမဂ္ဂအတွင်းရေးမှူး၏ အထူးကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံ၏ သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများအတွက် ပံ့ပိုးကူညီရမှုအားဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံမှ လက်ရှိ ဆောင်ရွက် နေသည့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းအတွက် ဦးစားပေးလုပ်ငန်းများကိုဖေါ်ထုတ်၍ ပူးပေါင်းကူညီသွား မည်ဖြစ်ကြောင်း၊ Sendai Framework နှင့်လိုက်လျောညီထွေစွာဆောင်ရွက်နေမှုနှင့် မူဘောင်ဆိုင်ရာ ပထမအကြိမ် အစီရင်ခံတင်သွင်းမှုကိုလည်းအသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံတွင် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သောမြို့များဖြစ်စေရေး၊ လက်ရှိပံ့ပိုးမှုများသည် ဒေသတွင်းနှင့် မြန်မာနိုင်ငံရှိအခြားမြို့များမှပါလိုအပ်သလိုနမူနာယူဆောင်ရွက်နိုင်ကြောင်း၊ မသန်စွမ်းများ၊ ရွှေ့ပြောင်းနေထိုင်သူများအပါအဝင် ထိခိုက်လွယ်အုပ်စုများပါဝင်စေရေး မူဝါဒချမှတ်ဆောင်ရွက် နေသည့် အခြေအနေကိုသိရှိရသဖြင့် အသိအမှတ်ပြုပါကြောင်း၊ အာရှဒေသသည် မကြာခဏသဘာဝဘေး မျိုးစုံဖြစ် ပွားလေ့ရှိသည့်အတွက် မိမိတို့အားလုံး ညီညွတ်စွာပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါသည်ကို ထပ်လောင်းအသိ ပေးလို ကြောင်းဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ကလည်း မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာများ၊ အိမ်နီးချင်းနိုင်ငံသို့ရွှေ့ပြောင်းသွားသူများနှင့် စပ်လျဉ်း၍ နိုင်ငံအစိုးရ၏ ပြင်ဆင် ဆောင်ရွက်နေမှုနှင့် ရပ်တည်ချက်များ၊ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများအားမိတ်ဖက်နိုင်ငံများ၏ ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများမှ သံအမတ်ကြီးများ၊ တာဝန်ရှိသူများနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးခြင်း၊ လုပ်ငန်း ဆောင်ရွက်မှုများအတွက် အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဂျီနီဗာမြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ရုံးယာယီတာဝန်ခံဦးအောင်မျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

#hl1
#Sep2018

Sign Up

Upcoming Events