မိုးသည်းထန်စွာရွာသွန်းမှုကြောင် အရေးပေါ်ပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်ပြည်သူများအား ထောက်ပံ့ မှုသတင်း

3 Pic_01 3 Pic_02 3 Pic_03လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ ဗမာဝန်ကြီးနှင့် စည်ပင်ဝန်ကြီးတို့ဦးစီး၍ ထွေအုပ်၊ စည်ပင်နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်အတူ (၁-၁၀-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကြီးမြို့ပေါ်ရပ်ကွက် (၅) ခု၌ ရေဝင်ရောက်မှု ကြုံတွေ့ခဲ့ရသည့်နေရာများသို့ လှည့်လည်ကြည့်ရှု၍ ရေစီးဆင်းရာလမ်းကြော င်းပိတ်ဆို့နေမှုများအား အမြန်ရှင်းလင်းဆောင်ရွက်နေမှုတို့ကို အတူလိုက်ပါ၍ လမ်းညွှန်မှု ခံယူ ဆောင်ရွက်ခဲ့ပြီး ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင် အရေးပေါ်ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၄၀) စုမှ လူဦးရေ (၁၆၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၄၀) စုစာ (၇၄၀,၄၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ (၃၅၄,၉၀၀/-) ကျပ်၊ ပြိုကျနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)  ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၉၅,၃၀၀/-) ကျပ်အား (၂-၁၀-၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်းနှင့် ရေများအားလုံးနီးပါး ကျသွားပြီဖြစ်ကြောင်း သတင်း ရရှိပါသည်။

Source:         ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fld

#shn_oct2018    

Sign Up

Upcoming Events