Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ အမှတ် (၂) ခြေခံပညာအလယ်တန်း ကျောင်း၌ (၁-၁၀-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျောင်းတွင်းအခြေပြု သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာ ယ်ဆိုင်ရာ သရုပ်ပြဇာတ်တိုက်လေ့ကျင့် ခြင်းများကိုကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်း (၇၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး မနက်ပိုင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ရွာမရွာသစ်ကျေးရွာ၌ (၂၉-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ဒဏ်ရာရသူ (၂) ဦး အတွက် တစ်ဦးလျှင် (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးကိုယ်စား တောင်ကုတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များမှ (၃၀-၉-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ်၊ ရွှေမောင်းစွန်းကျေးရွာအုပ်စု၊ ရှားတိုင်းကြီးကျေးရွာတွင် (၂၉-၉-၂၀၁၈)ရက်နေ့က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃)လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ခြေ(၃)အိမ်၊ အိမ်ထောင်စု(၃)စု၊ လူဦးရေစုစုပေါင်း(၁၃)ဦး ဘေးသင့်ခဲ့ရာ ထိုဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၇)ရက်စာ တန်ဖိုးငွေကျပ် (၂၇,၃၀၀) နှင့် နေအိမ်(၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၂၁၀,၀၀၀)၊ ထောက်ပံ့ငွေစုစုပေါင်း (၂၃၇,၃၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၃)အိမ်ထာင်စာတို့အား (၁-၁၀-၂၀၁၈) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှုးရုံးနှင့် Asia Disaster Preparedness Center (ADPC)၊ Myanmar Prepardness Partnership (MPP) တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကို ကရင် ပြည်နယ်၊ ဘားအံမြို့၊ GABBANA Hotel တွင် (၁-၁၀-၂၀၁၈) ရက်နေ့မှ (၃-၁၀-၂၀၁၈) ရက်နေ့အထိ ဖွင့်လှစ် ကျင်းပမည်ဖြစ်ပြီး သင်တန်းဖွင့်လှစ်အခမ်းအနားကို (၁-၁၀-၂၀၁၈) ရက်နေ့တွင် GABBANA Hotel ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ … Read more
-
မြေငလျင်ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြေငလျင်ဘေး အန္တရာ ယ်နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူနိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုချက် ရယူဆောင်ရွက်ခဲ့ပြီး (၂၉-၉-၂၀၁၈) ရက်နေ့တွင် လှိုင်သာယာမြို့နယ် တွံတေးလမ်းဆုံနေရာ၊ ရွှေပြည်သာ မြို့ဝင်နေရာ၊ မင်္ဂလာဒုံမြို့နယ်ရှိ ဝါယာလက်ဈေးရှေ့နေရာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ နတ်စင်လမ်းဆုံနေရာနှင့် ဒဂုံဆိပ်ကမ်းမြို့သစ် သိမ်ကျောင်းလမ်းဆုံနေရာတို၌လည်းကောင်း၊ (၃၀-၉-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရှိ ပန်းခြံရှေ့နေရာ၊ သုံးခွမြို့ဝင်နေရာတို့၌လည်းကောင်း မြေငလျင် ဘေးအန္တရာယ်နှင့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်း ဘုတ်များအား (၂၇-၉-၂၀၁၈) ရက်နေ့တွင် ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှေ့၌လည်းကောင်း၊ (၃၀-၉-၂၀၁၈) ရက်နေ့တွင် ညောင်လေးပင်မြို့နယ်၊ရုံးပေါင်း စုံလမ်းထိပ်နှင့် တောင်ငူမြို့နယ်ရှိ တောင်ငူ ခရိုင်ဦးစီးမှူးရုံးတည်ဆောက်မည့် မြေနေရာရှေ့၌လည်းကောင်း စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #bgo_oct2018
-
သံလွင်မြစ်ရေကျဆင်းပြီး မြေသားများပျော့ကျလာမှုကြောင့် ဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စု၊ ရွာသစ်(၁) ရပ်ကွက်၌ (၂၁-၉-၂၀၁၈) ရက်နေ့တွင် သံလွင်မြစ်ရေကျဆင်းသွားသဖြင့် မြေသားများပျော့ကျပြီး ဘေးသင့်ခဲ့သော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၃၀-၉-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fld #krn_Sep2018
-
ငလျင်နှင့်အခြားသဘာဝဘေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၉.၂၀၁၈)ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၊ ဗမ်ဘိုင်ကျေးရွာရှိ စာကြည့်တိုက်တွင် ငလျင်နှင့်အခြားသဘာဝဘေးများဆိုင်ရာ အသိ ပညာပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် မုန့်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #chn_sep2018 Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၁၈) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၊ ထွာလမ်ကျေးရွာ၌ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ထွာလမ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူများအား လက်ကမ်း စာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #chn_Sep2018
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ အောက်ကင်း အရှေ့ကမ်းကျေးရွာ၌ (၂၆-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးနှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-)ကျပ်တို့အား (၂၈-၉-၂၀၁၈) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more









