
================================================
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် DRR Working Group အဖွဲ့တို့ပူးပေါင်း၍ (၁၃-၁၀-၂၀၁၈) ရက်နေ့တွင် ကျရောက်မည့် ၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အကြိုလုပ်ရှားမှုအဖြစ် (၁၂-၁၀-၂၀၁၈) ရက်နေ့တွင် ဘားအံမြို့အတွင်းလှည့်လည်၍ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးဆိုင်ရာ မေးခွန်းများမေးမြန်းခြင်း၊ အဖြေမှန်သူများအား တီရှပ်လက်ဆောင်များ ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။