လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူ ပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ စစ်ကုန်းနှင့် ဘားမနီး ကျေးရွာတို့၌ (၂၁-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၂) လုံး၊ အိမ်ထောင်စု (၁၂) စုအတွက် ထောက်ပံ့ရန်ကျန်ရှိသည့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၅၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၁၉,၇၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၃၁၉,၇၀၀/-) ကျပ်အားလည်းကောင်း၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ ကိုးအိမ်တန်းကျေးရွာ၌ (၂၈-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၄) လုံး အိမ်ထောင်စု (၄) စုအတွက် ထောက်ပံ့ရန်ကျန်ရှိသည့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၅,၇၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၃၅,၇၀၀/-) ကျပ်တို့အား (၁၁-၁၀-၂၀၁၈) ရက်နေ့ (၁၁း၃၀) နာရီအချိန်တွင် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#ayy_Oct2018