ဒုတိယဝန်ကြီး ဦးစိုးအောင်အား ကြက်ခြေနီလှုပ်ရှားမှု RedCrossMovement (RCM) အဖွဲ့မှ လာရောက်တွေ့ဆုံမှုသတင်း

12 Pic 02 12 Pic 03
အောက်တိုဘာ၊ ၁၁ ရက်၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်အား ကြက်ခြေနီ လှုပ်ရှားမှုRedCrossMovement (RCM) အဖွဲ့က အဆိုပါဝန်ကြီးရုံး၊အစည်းအဝေးခန်းမ၌ ယနေ့လာရောက်တွေ့ဆုံခဲ့ပါ သည်။
တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နမိတ်မျဉ်း အနီး ယာယီ နေထိုင်သူများအား ကြက်ခြေနီလှုပ်ရှားမှုမှ ကူညီထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်ရန် ကနဦးလေ့လာခြင်း ခရီးစဉ်(ခြံစည်းရိုးကိုဖြတ်ကျော်ခြင်းမပြုဘဲ)သွားရောက်ခဲ့ပြီးတွေ့ရှိချက်များ၊ ဒုတိယအကြိမ် အသေး စိတ်ဆန်းစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အစီအစဉ်များ၊ နယ်နိမိတ်မျဉ်းအနီးနေထိုင်လျက်ရှိသော နေရပ်စွန့်ခွာသူများ အား ထောက်ပံ့ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များအားတင်ပြခြင်း၊ ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် မှန်ကန်သောချဉ်းကပ် မှုဖြင့်ဆောင်ရွက်နိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရာတွင် ထောက်ပံ့သောနှုန်းထားများ တပြေးညီဖြစ်စေရေးဆိုင်ရာကိစ္စရပ်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
#hl2
#npw_Oct2018

Sign Up

Upcoming Events