လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ ငါးမျှားစခန်းကျေးရွာ၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် ထူးကဲဒီရေတက်ပြီး ရေလှိုင်းပုတ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ငါးလှမ်းစင် (၂၀) အတွက် (၁) စင်လျှင် (၃၀,၀၀၀/-) ကျပ်နှုန်းဖြင့် စင် (၂၀) စာ (၆၀၀,၀၀၀/-) ကျပ်အား (၁၂-၁၀-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#otr
#mon_Oct2018