ရွှေ့ပြောင်းအလုပ်သမား ရခိုင်တိုင်းရင်းသား (၁၆) ဦးအတွက် ထောက်ပံ့ခြင်း

12 Pic 01

12 Pic 02

================================================
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့မှ ကျိုင်းတုံမြို့သို့ (၁၀-၁၀-၂၀၁၈) ရက်နေ့တွင် ရောက်ရှိလာသော ရွှေ့ပြောင်းအလုပ်သမား ရခိုင်တိုင်းရင်းသား ကျား (၁၄) ဦး၊ မ (၂) ဦး၊ စုစုပေါင်း (၁၆) ဦးတို့အား ကျားလုံချည် (၁၄) ထည်၊ မလုံချည် (၂) ထည်၊ တီရှပ် (၁၆) ထည်၊ တဘက် (၁၆) ထည်၊ စောင် (၁၆) ထည်၊ ခရီးစရိတ်တစ်ဦးလျှင် (၅၇၀၀၀ိ/-) နှုန်းဖြင့် (၁၆) ဦးအတွက် စုစုပေါင်း (၉၁၂၀၀၀ိ/-)၊ စားစရိတ်တစ်ဦးလျှင် (၁) ရက် (၃၀၀၀ိ/-) နှုန်းဖြင့် (၃) ရက်စာ (၉၀၀၀ိ/-) စုစုပေါင်း (၁၆) ဦးအတွက် စားစရိတ် (၁၄၄၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၅၆၀၀၀ိ/-) အား (၁၁-၁၀-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events