Category Archives: News
-
မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၁၀-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်း မြို့နယ်ဦးစီးမှူးရုံးအား ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_Oct2018
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ (International Day for Disaster Reduction-IDDR) အထိမ်းအမှတ်အကြိုအဖြစ် ဒီရေတောပင် စိုက်ပျိုးခြင်းအခမ်းအနား ပြုလုပ်ခြင်း
================================================ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၀-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်ကျေးရွာ၌ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ (International Day for Disaster Reduction-IDDR) အထိမ်းအမှတ်အကြိုအဖြစ် ဒီရေတောပင် စိုက်ပျိုးခြင်းအခမ်းအနားအား NGOs၊ INGOs အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဌာနဆိုင်ရာများ၊ ကျေးရွာသူ/ သား အင်အား (၁၅၀) ဦးဖြင့် ပျုးခြေထောက် သစ်ပင် (၃၀၀၀) အား စိုက်ပျိုးခဲ့ကြကြောင်း … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာ လေဘေးသင့်နေအိမ် များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာ၌ (၁၀-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စာ (၁၁၂,၀၅၉/-)၊ အမိုးလန်ပျက်စီးနေအိမ် (၁၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁၁) အိမ်ထောင်စာ (၂၀၃,၆၁၀/-)၊ စုစုပေါင်း နေအိမ် (၁၄) လုံး၊ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ … Read more
-
ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟသာၤတမြို့နယ်၊ ပဲကြီးကျွန်း အုပ်စု ရှိ ရေလည်ကျွန်းကျေးရွာ မြို့ကွင်းအုပ်စုရှိ အလယ်စုကျေးရွာနှင့် အင်္ဂရမ်းအုပ်စုရှိ ဥသျှစ်ကုန်းကျေး ရွာတို့၌ (၂၇-၉-၂၀၁၈) ရက်နေ့မှ (၃.၁၀.၂၀၁၈) ရက်နေ့ထိ ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက် သိမ်းပြောင်းရွှေ့နေအိမ် (၂၇) လုံး၊ အိမ်ထောင်စု (၂၇) စုရှိ လူဦးရေ (၁၃၆) ဦးတို့အတွက် (၄၉၉,၇၇၀/-) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၇) … Read more
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ညောင်ပင်သာအုပ်စု၊ ရေပေါက်ကြီးကျေးရွာ၌ (၂၀-၉-၂၀၁၈) ရက်နေ့နှင့် (၁-၁၀-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကမ်းပြိုဘေးသင့်အိမ်ခြေ (၅) လုံးအတွက် (၁၈,၅၁၀/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၅၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၄၆,၂၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၄၆,၂၀၀/-) ကျပ်တို့အား (၁၀-၁၀-၂၀၁၈) ရက်နေ့တွင်ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ … Read more
-
Research and Development Center ဒသမအကြိမ်မြောက် စာတမ်းဖတ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်မှုသတင်း
နေပြည်တော်၊ အောက်တိုဘာ ၁၀ ဝန်ကြီးဌာန၏ Research and Development Center က ဦးဆောင်၍ မြန်မာနိုင်ငံတွင် မြေငလျင်၊ မြေပြိုမှု၊ ရေဘေးအန္တရာယ်ဆန်းစစ်လေ့လာချက်များနှင့်ပတ်သက်သည့် ဒသမအကြိမ်မြောက် စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ ရေးဆွဲထားသောမူဝါဒများဖြစ်သည့် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေ စီစံနှုန်းများနှင့်ညီညွတ်သော လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက် လာစေ ရန်အတွက် ဦးစီးဌာနအသီးသီးက ဆောင်ရွက်နေပါကြောင်း၊ ထိရောက်သောဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များ … Read more
-
မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၀-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် ပြည်သူများ သဘာဝဘေးအသိပညာတိုးပွားစေရေးအတွက် ကျောက်ဖြူမြို့၊ ရုံးတက်လမ်းရှိ ခရစ်ယာန် (ကက်သလစ်) ကျောင်းရှေ့ တြိဂံမျက်ခင်းပြင်အနီး လမ်းဆုံနေရာ၌ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးပိုစတာဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_str #rbe_Oct2018
-
မိုးကြိုးဘေးထောက်ပံ့ခြင်း
================================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာနေ မောင်နိုင်(၁၇)နှစ် (ဘ)ဦးလှဝင်းသည် (၁-၁၀-၂၀၁၈) ရက်နေ့တွင် မိုးကြိုးထိမှန်သေဆုံးခဲ့ခြင်းအတွက် ထောက်ပံ့ငွေ (၃) သိန်းကျပ်အား (၉-၁၀-၂၀၁၈) ရက်နေ့တွင် သေဆုံးသူ၏ဖခင်ထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ဖျာပုံမြို့နယ် ဒေါ်ညိမ်း Shelter နှင့် ဓမင်းဆိပ် Shelter ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခြင်း
================================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၀-၂၀၁၈) ရက်နေ့တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ဖြည့်စွက်ရန်ပုံငွေဖြင့် ဖျာပုံမြို့နယ် ဒေါ်ညိမ်း Shelterနှင့် ဓမင်းဆိပ် Shelter ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းပြီးစီးမှုအား ဖျာပုံခရိုင်စာရင်းစစ်အဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ကမ်းပါးပြိုကျ မှုကြောင့် (၃၀.၉.၂၀၁၈)ရက်နေ့တွင် ကျွန်းမီးအုပ်စု၊ ကျွန်းမီးကျေးရွာ၌ ကမ်းပြိုဘေးကြို တင်ရွှေ့ပြောင်းနေအိမ်(၁)လုံး၊ (၁.၁၀.၂၀၁၈)ရက်နေ့ တွင် ကျွန်းမီးအုပ်စု၊ ရွှေတောင်စုကျေးရွာ၌ ကမ်းပြိုဘေးကြိုတင်ရွှေ့ပြောင်းနေအိမ် (၄)လုံး၊ (၅.၁၀.၂၀၁၈)ရက်နေ့တွင် ကျွန်းမီးအုပ်စု၊ ရွှေတောင်စုကျေးရွာ၌ ကမ်းပြိုဘေးကြို တင်ရွှေ့ပြောင်းနေအိမ်(၆)လုံး၊ စုစုပေါင်းကြိုတင် ရွှေ့ပြောင်းနေအိမ်(၁၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၀၀၀၀၀/-)ကျပ်တို့အား (၁၀.၁၀.၂၀၁၈)ရက်နေ့၊ နေ့လယ် (၁၃း၅၀)နာရီအချိန်တွင် ပန်းတောင်းမြို့အထွေထွေ အုပ်ချုပ်ရေးဌာနတွင် ကျေးရွာပြည်သူများလက်ဝယ် သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more









