

================================================
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ မြို့သာယာရပ်ကွက်၌ (၁၉-၁၀-၂၀၁၈) ရက်နေ့တွင် အိမ်ရှင် ဒေါ်ထုရော်၏ နေအိမ်ရှိ ရေခဲသေတ္တာဝါယာကြိုးမှတဆင့် မီးလောင်ကျွမ်းမှုကြောင့် အနီးရှိ နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၅) ဦး ဘေးသင့်ခဲ့သည့်အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၂)စုစာနှင့် ဆန်ရိက္ခာ(၇)ရက်စာ (၃၁၅၀၀ိ/-)နှင့်အိမ်ဆောက်ပစ္စည်းဖိုး(၂)အိမ်ထောင်စာ(၄၀၀၀၀၀ိ/-)၊ စုစုပေါင်း(၄၃၁၅၀၀ိ/-)ကျပ်နှင့် သွပ် (၆၀) ချပ်တို့အား (၂၂-၁၀-၂၀၁၈) ရက်နေ့၊ (၁၆းဝဝ) နာရီအချိန်တွင် လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်နှင့်အတူ မီးဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။