
================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အေးမြသာယာရပ်ကွက်၊ သမိန်ဗရမ်းလမ်း၌ (၂၂-၁၀-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၁)လုံး၊ ၎င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၂၁၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၂၁၀၀) ကျပ်ကို (၂၃-၁၀-၂၀၁၈)ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံပေးခဲ့ကြောင်း သိရှိရပါသည်။