
================================================
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စုရှိ ကုလားကျွန်းကျေးရွာ၊ ကုလားကျွန်းသောင်တန်းကျေးရွာနှင့် အရှေ့သောင်တန်းကျေးရွာတို့၌ (၂၁-၁၀-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီတွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စု(၂၆)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးပါ (၂၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၁၇၀၀၀ိ/-)နှင့် ဘေးသင့်ပြည်သူ (၁၁၂)ဦးအတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၂၃၅၂၀၀ိ/-) အားလည်းကောင်း၊ ကနစိုးကုန်းကျေးရွာအုပ်စု ရွာမကျေးရွာလေဘေးတွင် ကုက္ကိုလ်ပင်လဲကျမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် စွန္နီဂျာမေ့အ်ဗလီအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-) စုစုပေါင်းရန်ပုံငွေ (၆၅၂၂၀၀ိ/-) အား (၂၃-၁၀-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။