Category Archives: News
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပမှုသတင်း.
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၃-၁၀-၂၀၁၈)ရက်နေ့ နံနက် (၀၉၀၀)နာရီတွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနား (Internatiomal Day For Disaster Reduction-2018) “Reducing Economic Losses From Disasters Has The Power To Transform Lives” “ပြည်သူ့ဘဝတိုးတက်ပြောင်းလဲဖို့၊ ဘေးဒဏ်ကြောင့် စီးပွားဆုံးရှုံးမှုလျော့ချစို့” ဆောင်ပုဒ်နှင့် အညီ စစ်တွေမြို့နယ်၊ ဦးဥတ္တမခန်းမ၌ ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် … Read more
-
ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပမှုသတင်း.
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားအား (၁၃-၁၀-၂၀၁၈) ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုလသမဂ္ဂအဖွဲ့များကိုယ်စား UNDP အဖွဲ့အစည်းမှ ကချင်ပြည်နယ်တာဝန်ခံ ဦးထွန်းထွန်းက ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း၊ ၎င်းနောက် အပြည်ပြည်ဆိုင်ရာသဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ်ဗီဒီယို ပြသခြင်း၊ ဓာတ်ပုံပြခန်းများ လှည့်လည်ကြည့်ရှုခြင်း၊ ပဟေဠိဉာဏ်စမ်းပြိုင်ပွဲများ ဖြေဆိုခြင်း၊ အမှတ်တရပစ္စည်းများ ဝေငှခြင်း … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၀-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရေလယ်သောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသောအိမ်ခြေ(၃) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၅၀,၀၀၀) လေဘေးသင့်လူဦးရေ(၁၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေကျပ် (၃၁,၅၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၃-အိမ်ထောင်စာ) တန်ဖိုးငွေကျပ် (၅၄,၄၅၀) စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး (၂၃၅,၉၅၀) အား (၁၂-၁၀-၂၀၁၈) ရက်နေ့တွင် စစ်ကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၁၀-၂၀၁၈)ရက်နေ့ ညနေ (၁၈၀၀)အချိန်တွင် ကျောက်တော်မြို့နယ်၊ ခွဆုံပြင်ကျေးရွာအုပ်စု၊ သံပြင်ကျေးရွာမှ အသက်(50)နှစ်၊ရခိုင်/ဗုဒ္ဓ လယ်လုပ်သူသည် လယ်ကွင်းထဲတွင် မြက်ရိတ်နေစဉ် မိုးကြိုးထိမှန်၍ သေဆုံးသွားခဲ့ရာ ထိုသေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀)အား (၁၂-၁၀-၂၀၁၈)ရက်နေ့တွင် သေဆုံးသူ၏ မိသားစုဝင်ထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန် ရှိသူများသည် (၁၈-၉-၂၀၁၈)ရက်နေ့ ညနေ (၁၇၀၀)အချိန်တွင် မြောက်ဦးမြို့နယ်၊ ကုန်ဘောင်ရှမ်းတောင်ကျေးရွာအုပ်စု၊ ကုန်ဘောင်ကျေးရွာတွင် အသက် (၁၅)နှစ်အရွယ်လူငယ် (၁)ဦးသည် နွားစာမြက်ရိတ် နေစဉ်မိုးကြိုးထိမှန်သေဆုံးသွားခဲ့သဖြင့် ၎င်းအတွက် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀)အား (၁၂-၁၀-၂၀၁၈)ရက်နေ့တွင် သေဆုံးသူ၏မိသားစုထံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ဒိန်းမတ်သံအမတ်ကြီးတို့ သီးခြားစီလာရောက်တွေ့ဆုံ
အောက်တိုဘာ၊ ၁၂ရက်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine SchranerBurgener နှင့်အဖွဲ့ကယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိအဆိုပါဝန်ကြီးဌာနမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးကရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးတရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့တစ်ရပ်လုံးကအားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ လူမှုစီပွားဘဝတိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးစသည့် ရည်မှန်းချက်ပန်းတိုင်(၃)ရပ်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ၏ဆောင်ရွက်နေမှုများ၊ IDPစခန်းများပိတ်သိမ်းမှုများနှင့် ဆက်လက်ပိတ်သိမ်းရန် ဆောင်ရွက်နေမှုအခြေအနေများ၊ စခန်းပိတ်သိမ်းရေးနှင့် ပြန်လည်နေရာချထားရေးမဟာဗျူဟာရေးဆွဲနေမှုအခြေအနေ၊ ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင်သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့နေရပ်စွန့်ခွာထွက်ပြေးနေသူများအား … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ ငါးမျှားစခန်းကျေးရွာ၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် ထူးကဲဒီရေတက်ပြီး ရေလှိုင်းပုတ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ငါးလှမ်းစင် (၂၀) အတွက် (၁) စင်လျှင် (၃၀,၀၀၀/-) ကျပ်နှုန်းဖြင့် စင် (၂၀) စာ (၆၀၀,၀၀၀/-) ကျပ်အား (၁၂-၁၀-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #otr #mon_Oct2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များ ပြည်သူလူထုများသိရှိစေရန်အတွက် လပွတ္တာမြို့၊ သုံးမိုင်မြို့သစ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_Oct2018
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူ ပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ စစ်ကုန်းနှင့် ဘားမနီး ကျေးရွာတို့၌ (၂၁-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၂) လုံး၊ အိမ်ထောင်စု (၁၂) စုအတွက် ထောက်ပံ့ရန်ကျန်ရှိသည့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၅၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၁၉,၇၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၃၁၉,၇၀၀/-) ကျပ်အားလည်းကောင်း၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ ကိုးအိမ်တန်းကျေးရွာ၌ (၂၈-၉-၂၀၁၈) … Read more
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အကြိုလုပ်ရှားမှုအဖြစ် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း
================================================ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် DRR Working Group အဖွဲ့တို့ပူးပေါင်း၍ (၁၃-၁၀-၂၀၁၈) ရက်နေ့တွင် ကျရောက်မည့် ၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အကြိုလုပ်ရှားမှုအဖြစ် (၁၂-၁၀-၂၀၁၈) ရက်နေ့တွင် ဘားအံမြို့အတွင်းလှည့်လည်၍ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးဆိုင်ရာ မေးခွန်းများမေးမြန်းခြင်း၊ အဖြေမှန်သူများအား တီရှပ်လက်ဆောင်များ ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။









