Category Archives: News
-
မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ခြင်း
================================================ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ပန်းတောင်းမြို့၊ အုံ့မှိုးရိုးကျေးရွာအုပ်စု၊ အုံ့မှိုးရိုးကျေးရွာ၌ (၂၆-၁၀-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီးသွားသည့်အတွက် ကျောင်းဆောက်ပစ္စည်းဖိုး ကယ်ဆယ်ရေးရန်ပုံငွေ (၁) သိန်းကျပ်အား (၂၉-၁၀-၂၀၁၈) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
လေဘေးနှင့် ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်း၌ (၂၂-၁၀-၂၀၁၈) ရက်နေ့မှ (၂၈-၁၀-၂၀၁၈) ရက်နေ့အတွင်း လေဘေးကြောင့် ဘေးသင့်မှု (၂) ကြိမ်ဖြစ်ပွားခဲ့ရာ ဘေးသင့် အိမ်ခြေ (၆၅) လုံးအတွက် (၁,၃၅၅,၄၂၃/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅၄) အိမ်ထောင်စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅,၆၄၄,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၇၅,၄၀၀/-) ကျပ်နှင့် ဘုန်းတော်ကြီးကျောင်း … Read more
-
ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းအတွက် ထောက်ပံ့ခြင်း
================================================ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာ၌ (၂၆-၁၀-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော ဓမ္မရက္ခိတကျောင်းတိုက်အတွင်းရှိ ဆွမ်းစားဆောင်(၁)ဆောင်နှင့် သိမ်တော်ဆောင်(၁)ဆောင်တို့အတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)(ကျပ်နှစ်သိန်းတိတိ)အား (၂၉-၁၀-၂၀၁၈) ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများနှင့်အတူ ငါးလန်ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူများ၏ မိသားစုထံ ထောက်ပံ့ခြင်း
================================================ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ဖိုးခေါင်ကျေးရွာအုပ်စု၊ ဘိုကုန်းကျေးရွာ၌ (၂၈-၁၀-၂၀၁၈) ရက်နေ့တွင် မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ (၃) ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၉၀၀၀၀၀ိ/-) အား (၂၉-၁၀-၂၀၁၈) ရက်နေ့တွင် ဘေးဖြစ်ရာနေရာသို့ သွားရောက်၍ ကျန်ရစ်သူမိသားစုဝင်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘားအံမြို့၊ ကော့ကဒါကျေးရွာအုပ်စု၊ ကော့တာကျေးရွာ၌ (၂၅-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ပစ္စည်း (၁၇) မျိုး၊ family kit (၁) စုံ၊ ရေပုံး (၂) ပုံးနှင့် လူဦးရေ (၃) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်၊ စုစုပေါင်း … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၁၀-၂၀၁၈) နေ့ (၂၀း၃၀) နာရီအချိန်၌ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နတ်ကြီးကုန်း (ကာ) အုပ်စု၊ နတ်ကြီးကုန်း ကျေးရွာတွင် ဘုရားမီးပူဇော်ရာမှတဆင့် မီးလောင်မှုကြောင့် (၁၈) ပေပတ်လည် ကပ်မိုး၊ ကပ်ကာ၊ မြေစိုက်နေအိမ် (၁) လုံး မီးဘေးသင့်ခဲ့ရာ အဆိုပါ မီးဘေးသင့်အိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်၊ လူဦးရေ (၇) ဦး အတွက်ဆန်ဖိုးငွေ … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်များအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ (သောင်ပြင်ကုန်းအုပ်စု) ကန့်လန့်ကုန်း ကျေးရွာနှင့် (တရုတ်မှော်အုပ်စု) သာစည်ကျေးရွာတို့၌ (၁၀-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၁၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၇၀၀,၀၀၀/-) ကျပ်အား (၂၉-၁၀-၂၀၁၈) ရက်နေ့ (၁၂း၀၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #bgo_oct2018
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ထိန်ထိန်သာဟိုတယ်၌ (၂၉-၁၀-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) အချိန်တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဦးစီးမှူးက အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မကွေးခရိုင်အတွင်းမှ သင်တန်းသား/သူ (၃၀)ဦး တက်ရောက် ခဲ့ပြီး သင်တန်းကာလမှာ (၂၉-၁၀-၂၀၁၈) ရက်နေ့မှ (၃၁-၁၀-၂၀၁၈) ရက်နေ့အထိ ဖြစ်ကြောင်း သတင်းရရှိ ပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) … Read more
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၀-၂၀၁၈) ရက်နေ့၊ (၀၈း၃၀) နာရီအချိန်တွင် ကိုးသိန်းအားကစားကွင်းသင်တန်းဆောင်ခန်းမ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူ စုစုပေါင်း (၆၅) ဦး တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းသို့ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ် (၇) မြို့နယ်မှ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအီရန်နိုင်ငံ၊ တီဟီရန်မြို့တွင်ကျင်းပခဲ့သည့် သက်ကြီးရွယ်အိုများနှင့်စပ်လျဉ်း၍ မိသားစု၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်အစိုးရတို့၏ အခန်းကဏ္ဍများဆိုင်ရာအာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံများညီလာခံသို့ တက်ရောက်မှုသတင်း
အောက်တိုဘာလ၊၂၇ ရက် နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်သည် အီရန်နိုင်ငံ၊ တီဟီရန်မြို့ တွင် အောက်တိုဘာလ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့ အထိကျင်းပခဲ့သည့် သက်ကြီးရွယ်အိုများနှင့်စပ်လျဉ်း၍ မိသားစု၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်အစိုးရတို့၏ အခန်းကဏ္ဍများဆိုင်ရာ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများ ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါညီလာခံအား အီရန်နိုင်ငံ၊ သမဝါယမ၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန၊ အီရန်နိုင်ငံ လူမှုဝန်ထမ်းအဖွဲ့အစည်း (State Welfare Organization)၊ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) နှင့် Helpage International တို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး … Read more









