လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအီရန်နိုင်ငံ၊ တီဟီရန်မြို့တွင်ကျင်းပခဲ့သည့် သက်ကြီးရွယ်အိုများနှင့်စပ်လျဉ်း၍ မိသားစု၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်အစိုးရတို့၏ အခန်းကဏ္ဍများဆိုင်ရာအာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံများညီလာခံသို့ တက်ရောက်မှုသတင်း

29 Pic 01 29 Pic 02 29 Pic 03 29 Pic 04
အောက်တိုဘာလ၊၂၇ ရက် နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်သည် အီရန်နိုင်ငံ၊ တီဟီရန်မြို့ တွင် အောက်တိုဘာလ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့ အထိကျင်းပခဲ့သည့် သက်ကြီးရွယ်အိုများနှင့်စပ်လျဉ်း၍ မိသားစု၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်အစိုးရတို့၏ အခန်းကဏ္ဍများဆိုင်ရာ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများ ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါညီလာခံအား အီရန်နိုင်ငံ၊ သမဝါယမ၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန၊ အီရန်နိုင်ငံ လူမှုဝန်ထမ်းအဖွဲ့အစည်း (State Welfare Organization)၊ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) နှင့် Helpage International တို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ညီလာခံကို အီရန်နိုင်ငံမှ ဒုတိယသမ္မတ (၁) H.E. DrEshaqJahangiri ၊ သမဝါယမ၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနခေတ္တဝန်ကြီး H.E. Dr. MohseniBandpey၊ ကျန်းမာရေးနှင့် ဆေးပညာဆိုင်ရာဝန်ကြီးဌာနဝန်ကြီး H.E. Dr. Hassan GhazizadehHashemi နှင့် UNFPA မှ Executive Director H.E. Dr Natalia Kanemတို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ရာ အာရှပစိဖိတ်ဒေသတွင်းရှိ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ပေါင်း (၂၅) နိုင်ငံမှ နိုင်ငံကိုယ်စားလှယ်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် သက်ကြီး ရွယ်အို ကိစ္စရပ်များအား ဆောင်ရွက်နေသော လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။ ညီလာခံတွင် အာရှပစိဖိတ်နိုင်ငံ အများစု၌ မွေးဖွားနှုန်းကျဆင်းလာပြီး လူ့မျှော်မှန်းသက်တမ်းတို့ ရှည်ကြာလာခြင်းကြောင့် သက်ကြီးရွယ်အိုများ၏ အချိုးအစားမှာမြင့်မား လာလျက်ရှိရာများပြားလာသော သက်ကြီးရွယ်အိုများအတွက် ဝင်ငွေဖူလုံရေး၊ လိုအပ်သောပြုစုစောင့်ရှောက်မှုများအား ထိရောက်စွာ ပေးအပ်နိုင်ရေး၊သက်ကြီးများအနေဖြင့် လူမှုရေး၊ စီးပွားရေးနှင့် ၎င်းတို့ကျွမ်းကျင်ရာနယ်ပယ်များတွင်ပါဝင်ဆောင်ရွက်နိုင်ရေးနှင့် အထီး ကျန် မှုများ လျော့နည်းသက်သာစေရေး၊ မူဝါဒများ၊ဥပဒေ၊ နည်းဥပဒေများ သတ်မှတ်ဆောင်ရွက်ရာတွင် ငယ်စဉ်ဘဝမှစတင်၍ သက်ကြီး ဘဝအထိထည့်သွင်းစဉ်းစားသည့် (Life Cycle Approach) ဖြင့်ဆောင်ရွက်နိုင်ရေး၊ အမျိုးသမီးများသည် အမျိုးသားများထက် အသက်ရှည် လေ့ရှိရာသက်ကြီးအမျိုးသမီးများ၏ အခန်းကဏ္ဍ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းမှု စသည့်ကိစ္စရပ်များ၊ သက်ကြီးရွယ်အိုဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင်အဓိကအကျဆုံးဖြစ်သည့် သက်ကြီးများ၏ လိုအပ်ချက်များ၊ လိုလားချက်များကိုသိရှိနားလည်နိုင်ရေးအတွက် သက်ကြီးများ၏ အကြံဉာဏ်များ၊ အကြံပြုချက်များအားအလေးထား၍ ရယူသုံးစွဲရေးတို့အားအထူးပြုဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအနေဖြင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူများလူ့ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် ဒီမိုကရေစီစံနှုန်းများနှင့် အညီရရှိခံစားနိုင်ရေး လူမှုကာကွယ် စောင့်ရှောက်ရေးမူဝါဒချမှတ်ဆောင်ရွက်နေပုံများ၊ သက်ကြီးရွယ်အိုများအတွက် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်လူမှုရေးပင်စင်ထောက်ပံ့ ပေးအပ်နိုင်မှု၊ သက်ကြီးပင်စင်အားမူလကအသက်(၉၀)နှစ်အထက် သက်ကြီးအားလုံးအားထောက်ပံ့ပေးနေရာမှ ယခုဘဏ္ဍာရေးနှစ် တွင်အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုများအထိ ပိုမိုထောက်ပံ့ပေးနိုင်ခဲ့မှုများ၊ သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေး Older People Self Help Groups (OPSHG) မှသည် သက်ကြီးများ၊ လူငယ်များအားလုံးပါဝင်သော Inclusive Self Help Groups (ISHG) အဖြစ်သို့ ပြောင်းလဲအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကိုရှင်း လင်းပြောကြားခဲ့ပြီး အီရန်နိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော သက်ကြီးများကိုယ်တိုင်တည်ထောင်ထားသည့် နေထိုင်မှုဆိုင်ရာအစီအစဉ်များ၊ အစီအမံများနှင့် တီဟီရန်မြို့စည်ပင်သာယာရေးဌာနမှ ကူညီပံ့ပိုးဆောင်ရွက်ပေးနေမှုများအား လက်တွေ့သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။
#hl2
#Iran_Oct2018

Sign Up

Upcoming Events