
================================================
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ဖိုးခေါင်ကျေးရွာအုပ်စု၊ ဘိုကုန်းကျေးရွာ၌ (၂၈-၁၀-၂၀၁၈) ရက်နေ့တွင် မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ (၃) ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၉၀၀၀၀၀ိ/-) အား (၂၉-၁၀-၂၀၁၈) ရက်နေ့တွင် ဘေးဖြစ်ရာနေရာသို့ သွားရောက်၍ ကျန်ရစ်သူမိသားစုဝင်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။