ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းအတွက် ထောက်ပံ့ခြင်း

30 Pic 01
================================================
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
================================================
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာ၌ (၂၆-၁၀-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော ဓမ္မရက္ခိတကျောင်းတိုက်အတွင်းရှိ ဆွမ်းစားဆောင်(၁)ဆောင်နှင့် သိမ်တော်ဆောင်(၁)ဆောင်တို့အတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)(ကျပ်နှစ်သိန်းတိတိ)အား (၂၉-၁၀-၂၀၁၈) ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများနှင့်အတူ ငါးလန်ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events