သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ ကျင်းပမှုသတင်း

29 Pic_01 29 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ထိန်ထိန်သာဟိုတယ်၌ (၂၉-၁၀-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) အချိန်တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဦးစီးမှူးက အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မကွေးခရိုင်အတွင်းမှ သင်တန်းသား/သူ (၃၀)ဦး တက်ရောက် ခဲ့ပြီး သင်တန်းကာလမှာ (၂၉-၁၀-၂၀၁၈) ရက်နေ့မှ (၃၁-၁၀-၂၀၁၈) ရက်နေ့အထိ ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

Source:         မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ar

#mgy_oct2018

Sign Up

Upcoming Events