လေဘေးနှင့် ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

30 Pic_01 30 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်း၌ (၂၂-၁၀-၂၀၁၈) ရက်နေ့မှ (၂၈-၁၀-၂၀၁၈) ရက်နေ့အတွင်း လေဘေးကြောင့် ဘေးသင့်မှု (၂) ကြိမ်ဖြစ်ပွားခဲ့ရာ ဘေးသင့် အိမ်ခြေ (၆၅) လုံးအတွက် (၁,၃၅၅,၄၂၃/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅၄) အိမ်ထောင်စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅,၆၄၄,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၇၅,၄၀၀/-) ကျပ်နှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇,၆၇၄,၈၂၃/-) ကျပ်အားလည်းကောင်း ၊(၁၂-၁၀-၂၀၁၈) ရက်နေ့မှ (၂၇-၁၀-၂၀၁၈) ရက်နေ့အထိ ကမ်းပြိုဘေး (၄) ကြိမ်ဖြစ်ပွားခဲ့ရာ စုစုပေါင်းဘေးသင့် အိမ်ခြေ (၄၃) လုံးအတွက် (၇၉၅,၉၃၀/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄၃) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄,၃၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ  (၃၆၉,၆၀၀/-) ကျပ်နှင့် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅,၇၆၅,၅၃၀/-) ကျပ် အားလည်းကောင်း၊(၂၉-၁၀-၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:         ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#ha_rbe

#ayy_oct2018

Sign Up

Upcoming Events