လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၁၀-၂၀၁၈) နေ့ (၂၀း၃၀) နာရီအချိန်၌ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နတ်ကြီးကုန်း (ကာ) အုပ်စု၊ နတ်ကြီးကုန်း ကျေးရွာတွင် ဘုရားမီးပူဇော်ရာမှတဆင့် မီးလောင်မှုကြောင့် (၁၈) ပေပတ်လည် ကပ်မိုး၊ ကပ်ကာ၊ မြေစိုက်နေအိမ် (၁) လုံး မီးဘေးသင့်ခဲ့ရာ အဆိုပါ မီးဘေးသင့်အိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်၊ လူဦးရေ (၇) ဦး အတွက်ဆန်ဖိုးငွေ (၁၄၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းများအဖြစ် ကျောင်းစိမ်းအင်္ကျီ ကျား( ၂ ) စုံနှင့် မ ( ၆ ) စုံ၊ Family Kits (၁) ပုံးတို့အား (၂၉-၁၀-၂၀၁၈) နေ့တွင် ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌရုံးခန်း၌ သက်ဆိုင် ရာဘေးသင့်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha-fir
#sgg-oct2018 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)