Category Archives: News
-
ဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဒါန်းပင်ကျေးရွာအုပ်စု၊ ဒါန်းပင်ကျေးရွာ၌ (၁၃-၁၀-၂၁၀၈) ရက်နေ့တွင် မိုးရွာသွန်းမှုကြောင့်သစ်ပင်ပြိုလဲ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်တစ်လုံးမှ အိမ်ထောင်စုတစ်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးအား (၁၅-၁၀-၂၀၁၈) ရက်နေ့တွင် ဒါန်းပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha-fld #sgg-oct2018 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် အောက်တိုဘာလ(၁၅)ရက်နေ့ တွင် ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမတွင် အပြည်ပြည်တိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနား ကျင်းပခဲ့ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးသိမ်းဆွေ၊ ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ NGO/INGO အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအဖွဲ့ဝင်များ စုစုပေါင်း လူဦးရေ (၂၀၀)ဦးတက်ရောက်ခဲ့ကြပါသည်။ ထိုအခမ်းအနားတွင် အမျိုးသားလွှတ်တော် ဦးသိမ်းဆွေမှ အဖွင့်အမှာစကားပြောကြားခဲ့ ပြီး ဖျာပုံခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်သီသီချိုမှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကိုဖတ်ကြားခဲ့ကြောင်း … Read more
-
ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာ၌ (၁၅-၁၀-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၃၇,၈၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၇,၈၀၀/-) ကျပ်တို့အား (၁၅-၁၀-၂၀၁၈) ရက်နေ့တွင် … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်အတွင်းရှိ (၁၁.၁၀.၂၀၁၈)ရက်နေ့တွင် ညောင်ပင်သာအုပ်စု၊ ရေပေါက်ကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြ ရသော အိမ်ခြေ(၄) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်း (၄၀၀၀၀၀/-) ဘေးသင့် လူဦးရေ(၁၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၃၉၉၀၀/-)စုစုပေါင်းရန်ပုံငွေ (၄၃၉၉၀၀/-) ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၄)အိမ်ထောင်စာ( တန်ဖိုး-၇၄၀၄၀/-) စုစုပေါင်း ထောက်ပံ့မှု တန်ဖိုး(၅၁၃၉၄၀/-) ကျပ်တို့အား (၁၅.၁၀.၂၀၁၈)ရက်နေ့တွင် ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၌ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်ကျေးရွာအုပ်စုနှင့် သောင်ဘုတ်ကျေးရွာ၌ (၁၁-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပျက်စီးသွားသော အိမ်ခြေ(၂)လုံး၊ ၎င်းအိမ်ထောင်စု (၂)စုရှိ လူဦးရေ (၁၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၂၅၂၀ဝိ/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၂၅၂၀ဝိ) ကျပ်ကို ( ၁၅-၁၀-၂၀၁၈) ရက်နေ့တွင် … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများနှင့် မြိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မြိုင်မြို့နယ်၊ ကွမ်းတောကျေးရွာအုပ်စု၊ ကွမ်းတောကျေးရွာ၌ (၁၄-၁၀-၂၀၁၈)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကွမ်းတောချောင်း၊ ချောင်းရေတိုက်စား၍ ကမ်းပြိုမှု ကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၉၄၀၀/)ကျပ်၊ စုစုပေါင်း(၂၂၉၄၀၀/-)နှင့် ရွှေ့ေ့ပြာင်းအိမ်ထောင်စု အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၂)စုစာတို့အား (၁၅-၁၀-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးသင့်ပြည် သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more
-
ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေး မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး ပွဲပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်မှုသတင်း
အောက်တိုဘာ ၁၅၊ နေပြည်တော် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးဆွေးနွေးပွဲကို မြန်မာနိုင်ငံကြက်ခြေနီအသင်းကဦးဆောင်၍ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ M Gallery Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော်က ပြည်သူအတွက် အကျိုးပြု လုပ်ငန်းများတွင် စုပေါင်းအားဖြင့် အောင်မြင်စွာ အကောင်အထည် ဖေါ်ဆောင်ရွက်နေသည့်အတွက် ယခုဆွေးနွေးပွဲသည် အရေးပါသည့် ဆွေးနွေးပွဲ တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဝန်ကြီးဌာနများ၊ ပြည်သူ များနှင့်ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များသည်လည်း မိမိတို့ဝန်ကြီးဌာနက … Read more
-
သဘာဝဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်း
================================================ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၀-၂၀၁၈) ရက်နေ့တွင် ဘားအံမြို့၊ မဲဘောင်ဈေးအရှေ့၌ သဘာဝဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း သိရှိရပါသည်။
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အသိပညာပေးအခမ်းအနားပြုလုပ်ခြင်း
================================================ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ မဟာအောင်တော်မူဘုရာဝင်းအတွင်းရှိ ချိုကြည်သာသနာ့ဗိမာန်တော်ကြီး၌် ၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အသိပညာပေးအခမ်းအနားအား World Vision Myanmar နှင့် စိုပြေမြန်မာလူမှုဖွံ့ဖြိုးမှုကူညီရေးအဖွဲ့တို့နှင့်ပူးပေါင်းကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဗိုလ်မှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ ဆောင်ပုဒ်ဖြစ်သော … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာ ယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ်၊ ကျောက်တာ ကျေးရွာ၌ (၁၂-၁၀-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အမိုးလန်န ေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္ စည်းဖိုးထောက်ပံ့ငွေ (၂၆၀,၀၀၀/-) ကျပ်အားလည်းကောင်း၊ ဘေးသင့်ပြိုကျနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်အားလည်းကောင်း၊ ဘေးသင့်အိမ်ထောင်စု (၁၀) စုအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၃၈,၆၀၀/-) ကျပ်အားလည်ကောင်း၊ ဒဏ်ရာရပြည်သူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၄၀,၀၀၀/-) ကျပ်အားလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း … Read more









