ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ၇/၂၀၁၈ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပပြုုလုပ်မှုသတင်း

အောက်တိုဘာ ၃၁၊ နေပြည်တော်
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ (၇/၂၀၁၈) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ကော်မတီ၏လုပ်ငန်းအစည်းအဝေး (၁၆) ကြိမ်ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားကြုံတွေ့နေရသောလူမှုပဋိပက္ခများ၊ ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့မှုများ၊ လူမှုစီးပွားလိုအပ်ချက်များအတွက် နိုင်ငံတော်အစိုးရစတင်တာဝန်ယူစဉ် ကာလကတည်းက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေးဗဟိုကော်မတီကိုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဌအဖြစ် တာဝန်ယူဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ ဖြစ်စဉ်ဖြစ်ရပ်များ၏ အခြေခံအကြောင်းအရင်းကို ဖော်ထုတ်ဆောင်ရွက်ရန်လိုအပ်မှု အရမစ္စတာကိုဖီ အာနန်ဥက္ကဌအဖြစ် ဆောင်ရွက်သောရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကိုဖွဲ့စည်း တာဝန်ပေးခဲ့ပါကြောင်း၊ ကော်မရှင် က အကောင်အထည်ဖော်ဆောင်ရွက်သင့်သည်များကိုအကြံပြုခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနဖြင့် ထိုသို့ လုပ်ငန်းများ ဆောင်ရွက်နေစဉ်တွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့်အတွက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခက် အခဲများ ကြုံတွေ့ရင်ဆိုင်ခဲ့ရပါကြောင်း၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏အကောင်အထည်ဖော်ဆောင်ရွက်မှုများသည် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပါကြောင်း၊ အကြံ ပေးကော်မရှင်၏ အကြံပြုချက် (၈၈) ချက်ကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဦးစားပေးအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယင်းဆောင်ရွက်မှုများကို ပြည်သူသို့ အစီရင်ခံစာ (၃)ကြိမ် တင်ပြနိုင်ခဲ့ပါကြောင်း၊ယခုကဲ့သို့ တင်ပြနိုင်ခြင်းသည် ဝန်ကြီးဌာနအသီးသီး၏ မိမိတို့ လုပ်ငန်းကဏ္ဍအလိုက် ဟန်ချက်ညီညီဆောင်ရွက်နိုင်မှု၊ ရခိုင်ပြည်နယ် အစိုးရနှင့် ရခိုင်ပြည်သူများပူးပေါင်းပါဝင်မှုများ၏သာဓကတစ်ခုဖြစ်ပါကြောင်း၊ ဆက်လက်၍လည်းပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကိုပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းဖြင့်သာ ကျော်လွှား နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့်လည်းပူးပေါင်းဆောင်ရွက်မှုလိုပါကြောင်း၊ ကော်မတီဝင်ဝန်ကြီးဌာနများအနေဖြင့် မိမိတို့ တာဝန်ယူဆောင်ရွက်ရသောလုပ်ငန်းအလိုက် ဒေသဆိုင်ရာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကိုပါစဉ်းစားပြီးပူးပေါင်းဆောင်ရွက် သွားကြရန်လိုပါကြောင်း၊ ၎င်းအပြင် လုပ်ငန်းများအလိုက် မြေပြင်အထိကွင်းဆင်းကာအခြေအနေမှန်များကိုသိရှိအောင် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊တွေ့ရှိချက်များကိုကော်မတီအစည်းအဝေးများတွင် ဝိုင်းဝန်းဆွေးနွေးအဖြေရှာနိုင် မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
ကော်မတီပူးတွဲဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကရှင်းလင်းမှာကြားရာတွင် ကော်မတီအနေဖြင့် ပြည်သူကို အစီရင်ခံစာ (၃) ကြိမ်တင်ပြနိုင်ခြင်းမှာ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေစဉ်မှာ အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရသည့်အတွက် ယနေ့အထိ ဖြေရှင်းဆောင်ရွက်နေရပါကြောင်း၊ နိုင်ငံတကာအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကို ဖော်ပြနေမှုမပြုဘဲ ဆောင်ရွက်မှု အားနည်းချက်များကိုသာဖော်ပြနေကြပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကိုအရှိန်အဟုန်ပိုမိုမြှင့်တင်၍ ပိုမိုသိသာ ထင်းရှားစွာဖော်ပြနိုင်ပါကနိုင်ငံတကာ၏ ဝေဖန်မှုများကိုချေဖျက်နိုင်ပြီး အကူအညီများပိုမိုရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်အစီအစဉ်အရ ဒုတိယဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ တွဲဖက် အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ကော်မတီ ဝင်များကလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အားသာချက်၊ အားနည်းချက်များ၊ ဆောင်ရွက်ရန် ကိစ္စရပ်များကို အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက်တွင် ကော်မတီဥက္ကဌလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီးနောက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် တစ်နှစ်တာကာလအတွင်းဆောင်ရွက်ချက်များအပေါ်အကောင်အထည်ဖော်နိုင်မှု၊ အမှန်တကယ် ပြောင်းလဲမှု၊ ဆောင်ရွက်မှုများတွင်အားနည်းချက်၊အားသားချက် ဆောင်ရွက်ပြီးစီးမှုရာခိုင်နှုန်းစသည်ဖြင့် ပြည့်စုံစွာဖော်ပြနိုင်ရေး မြေပြင်အထိကွင်းဆင်းသွားရောက် စိစစ်ပေးကြပါရန် မှာကြားခဲ့ပါသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကော်မတီဥက္ကဌလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ပူးတွဲဥက္ကဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယ ဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ တွဲဖက်အတွင်းရေးမှူးလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ကော်မတီဝင်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။

#hl1
#npw_Oct2018

Sign Up

Upcoming Events