ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဥရောပသမဂ္ဂကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့လာရောက်တွေ့ဆုံမှုသတင်း

အောက်တိုဘာ ၃၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Mrs. Helena Konig, Deputy Director General of Trade နှင့် Mrs. Paola Pampaloni, Deputy Menaging Director, Director of Asia- Pacific of European External Action Service တို့ ဦးဆောင်သော ဥရောပသမဂ္ဂ ကုန်သွယ်မှုအခွင့်အရေးစိစစ်လ့လာရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးခန်းမတွင် လာရောက်တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒီမိုကရေစီအစိုးရအနေဖြင့် မိမိတို့ အစိုးရတာဝန်ယူသည့်အချိန်မှစတင်၍ ရခိုင်ပြည်နယ်အရေးအား အထူးအလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိပြဿနာ အများစုမှာ နှစ်ကာလပေါင်းကြာရှည်စွာတည်ရှိခဲ့သည့်အကြောင်းအရာများဖြစ်ကြောင်း၊ အဓိကအခြေခံအကြောင်းအရာများဖြစ်သည့် လူ့အသိုက်အဝန်းနှစ်ခုအကြား ယုံကြည်မှုတည်ဆောက်ရေး၊ လူမှုသဟဇာတမျှတဖြစ်ထွန်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ အကြမ်းဖက် သမားများ၏အန္တရာယ်မှ ကာကွယ်ရေး၊ မူးယစ်ဆေးဝါးပြဿနာများဖြေရှင်းရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူသားချင်းစာနာ ထောက် ထားမှုအကူအညီများအား လူမျိုး၊ဘာသာ၊ကျား/မ မရွေးပေးအပ်နိုင်ရေးအတွက် ကြက်ခြေနီလှုပ်ရှားမှုများဖြင့်လည်းကောင်း၊ UEHRD မှ လုပ်အားပေးလူငယ်များအစီအစဉ်ဖြင့်လည်းကောင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်အကြံပေးအဖွဲ့၏ အကြံပြု ချက်များအားလည်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့်ကိစ္စများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နားလည်မှုစာချွန်လွှာရေးထိုး၍ နေရပ်စွန့်ခွာ သူများအား ပြန်လည်လက်ခံရေးဆောင်ရွက်နေမှုများနှင့် နောက်ဆုံးအခြေအနေများ၊ ပြန်လည်ဝင်ရောက်လာမည့် နေရပ်စွန့်ခွာသူများ အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ၊စား၊ဝတ်၊နေရေးအတွက်စီမံထားရှိမှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ဆောင်ရွက်ပေးနိုင်ရန်စီစဉ်ထားရှိမှုများ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှုများရရှိရေးကိစ္စများ၊ နေရပ်စွန့်ခွာသူများ၊ IDP စခန်း များမှ ပြည်သူများလွတ်လပ်စွာလှုပ်ရှားသွားလာရန် နိုင်ငံသားစိစစ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများ၊ ရခိုင်ပြည်နယ် အကြံပေးအဖွဲ့၏ အကြံပြုတင်ပြခြင်းများအပေါ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ပြည်သူများသို့ (၄) လ (၁) ကြိမ် အစီရင်ခံ တင်ပြနေမှုအခြေအနေနှင့် လာမည့်နိုဝင်ဘာလအတွင်း နိုင်ငံတကာအသိုက်အဝန်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
#hl1
#npw_Oct2018

Sign Up

Upcoming Events