
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၁၀.၂၀၁၈)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ ကဇိုင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၈)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၈)သိန်းအား (၃၀.၁၀.၂၀၁၈)ရက်နေ့ တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#krn_oct2018
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)