လေဘေးကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

1 Pic_01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု (၆) စု၊ ကျေးရွာ (၇) ရွာတို့၌ (၂၈-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုလဲနေအိမ် (၁) လုံး၊ အမိုးလန်နေအိမ် (၆) လုံးနှင့် သစ်ပင်ပိ၍ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၄၇,၄၀၀/-) ကျပ်၊ ပြိုလဲနေအိမ်ရှိ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်၊ (၂၈,၂၁၆/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (ပလပ်စတစ်ပုံးအပါ) ပြိုလဲ (၁) အိမ်ထောင်စုစာ၊ စုစုပေါင်းထောက်ပံ့ငွေ (၄၅၅,၈၀၀/-) ကျပ်အား (၃၁-၁၀-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#bgo_oct2018

Sign Up

Upcoming Events