လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား ဆွစ်ဇာလန်နိုင်ငံဖွံ့ဖြိုးရေး အေဂျင်စီမှ လာရောက်တွေ့ဆုံမှုသတင်း

အောက်တိုဘာ ၃၀၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဆွစ်ဇာလန် နိုင်ငံဖွံ့ဖြိုးရေးအေဂျင်စီမှ ဒုတိယအကြီးအကဲဖြစ်သူ Mr. Jean-Luc Bernasconi ဦးဆောင်သောအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဆွစ်ဇာလန်နိုင်ငံဖွံ့ဖြိုးရေးအေဂျင်စီများမှ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများဖြစ်ကြသော မွန် ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်နေမှု အ‌ခြေအနေများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများအားဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် တိုးချဲ့ ဆောင်ရွက် နိုင်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော နောက်ဆုံးအ‌ခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး နောက်ဆုံးအ‌ခြေအနေများ၊ နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ UEHRD ၏ဆောင်ရွက်ချက်များနှင့် ပါဝင်ပူးပေါင်း ဆောင်ရွက် နိုင်မည့်အ‌ခြေအနေများ၊ လူမှုသဟဇာတမျှတဖြစ်ထွန်းရေးဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အ‌ခြေအနေများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုများနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက် နိုင်မည့်အ‌ခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl2
#npw_Oct2018

Sign Up

Upcoming Events