Category Archives: News
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်း
================================================ Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၀-၂၀၁၈) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ပြည်သူများသဘာဝဘေးအသိပညာတိုးပွားစေရေးအတွက် ဖလမ်းမြို့ မြို့လမ်းဆုံအနီးရှိ ဗန်ကာအိုလမ်း မြို့နယ်လမ်းဦးစီးဌာနနှင့် ကမ္ဘောဇဘဏ်ရှေ့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမြေစိုက်ပိုစတာအား စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၀-၂၀၁၈) ရက်နေ့တွင် လွိုင်ကော်မြိုနယ်၊ အ.ထ.က(၆)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ(၁၈၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပေးခဲ့ပြီး တက်ရောက်သူများအား လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကံသာကျေးရွာ၌ (၁၇/၁၈-၁၀-၂၀၁၈) ရက်နေ့တို့တွင် မြစ်ရေတိုက်စားကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စု (၁၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၀) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်း ဖိုးငွေ (၁,၀၀၀,၀၀၀/-)၊ လူဦးရေ (၃၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၇၃,၅၀၀/-) ကျပ် ၊ စုစုပေါင်း (၁,၀၇၃,၅၀၀/-) ကျပ်တို့အား (၁၉-၁၀-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း (၉/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ တာဝန်ရှိသူများသည် (၁၉-၁၀-၂၀၁၈)ရက်နေ့ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် ဟသာၤတမြို့၌ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း (၉/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပြပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်း ပွဲကို ကျောင်းအုပ်ကြီးကိုယ်စား ဟသာၤတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့် ခဲ့ပါသည်။ အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူ (၅၄) … Read more
-
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၀-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီမှ (၁၄း၀၀) နာရီအချိန်ထိ ကြာပန်းကျေးရွာ၊ သီရိမင်္ဂလာဓမ္မာရုံတွင်လူဦးရေ (၂၀၀) ဦးအားသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ရာ ပြည်သူလူထုများစိတ်ဝင်စားစွာ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mon_Oct2018
-
မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ထွန်းစိန်ကျေးရွာ၌ (၁၀-၁၀-၂၀၁၈) ရက်နေ့၊ (၀၆း၃၀) နာရီအချိန်၌ ပင်လယ်ကမ်းစပ်မှ ပေ (၁၅၀) ခန့်အကွာ ပင်လယ်ပြင်အတွင်း ငါးဖမ်းနေစဉ် မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၁၉-၁၀-၂၀၁၈) ရက်နေ့တွင် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_tls #ygn_Oct2018
-
မြစ်သာမြစ်ရေတက်ပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့နယ်၊ ကုက္ကိုလ်ကျေးရွာ၌ (၁၄-၁၀-၂၀၁၈) ရက်နေ့တွင် မြစ်သာမြစ်ရေတက်ပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ရသည့် နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၃၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀/-) ကျပ်တို့အား (၁၉-၁၀-၂၀၁၈) ရက်နေ့တွင် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီရုံး၌ သက်ဆိုင်ရာ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #sgg_Oct2018
-
မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ ဆေးသမားကျွေးရွာအုပ်စု၊ အုန်းတောချေကယ်ဆယ်ရေးစခန်း၌ (၁၈-၁၀-၂၀၁၈) ရက်နေ့ (၂၃း၃၀) နာရီအချိန်တွင် (၈) ခန်းတွဲ အဆောင် (၁၅) ဆောင် မီးလောင်ကျွမ်းခဲ့ပါသည်။ အဆိုပါမီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု (၁၄၁) စု၊ လူဦးရေ (၈၂၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁၄၁) ပုံး၊ လူဦးရေ (၈၂၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၇၂၆,၂၀၀/-) ကျပ်နှင့် သေဆုံးသူ ကျား … Read more
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကဏ္ဍခွဲပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
အောက်တိုဘာ၁၈၊နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကဏ္ဍခွဲ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ တတိယအကြိမ်အစည်းအဝေးကို ယနေ့နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာမူဝါဒကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအားလုံးအတွက် ဘုံပန်းတိုင်ဖြစ်သည့်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ပန်းတိုင်နှင့် ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင်များချမှတ်ထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP) မဟာဗျူဟာ ချမှတ်ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက် (Myanmar Action Plan … Read more
-
အထူးစောင့်ရှောက်မှုလိုအပ်သောကလေးများကို Computer Software များဖြင့် လေ့ကျင့်မှုပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နယူးဇီလန်နိုင်ငံ Dr.Trevor Geddes အဖွဲ့က လာရောက်ဆွေးနွေးမှုသတင်း
အောက်တိုဘာ ၁၈၊ နေပြည်တော် မသန်စွမ်းကလေးငယ်များအသုံးပြုနိုင်ရေးအတွက် Moveahead Software နှင့်ပတ်သက်၍ နယူးဇီလန်နိုင်ငံ Dr.Trevor Geddes အဖွဲ့က ယနေ့နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား လာရောက်တွေ့ ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် မသန်စွမ်းကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနက ဆောင်ရွက်နေမှုများ၊ မသန်စွမ်းကလေး သူငယ်များအမြင့်မားဆုံးဖွံ့ဖြိုးမှုရရှိရေး၊ လူတိုင်းအကျုံးဝင်ပညာသင်ကြားခွင့် ရရှိရေးဆိုင်ရာကိစ္စရပ်များ၊ မသန်စွမ်းကလေးသူငယ်များသည် အခြားကလေးသူငယ်များကဲ့သို့ အမြင့်မားဆုံးဖွံ့ဖြိုးမှုရရှိရေးအတွက် အရေးကြီးသော ဆောလျင်စွာဆန်းစစ်သက်မှတ်ခြင်းနှင့် ဖြေရှင်း ဆောင်ရွက်ပေးသည့်အစီအစဉ်များ (Early Childhood Intervention) … Read more









