သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း များ ဆောင်ရွက်မှုသတင်း

5 Pic_01 5 Pic_035 Pic_02 5 Pic_04 5 Pic_05လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ဖိုးဒီကွဲကျေးရွာအုပ်စု၊ (အ.ထ.က) (ဖိုးဒီကွဲ) အခြေခံပညာအထက်တန်းကျောင်း၌ (၅-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟော ပြောပွဲကျင်းပခဲ့ပြီး နေ့လည်ပိုင်းတွင် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ရာ အဆိုပါအခမ်းအနား၌ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

Source:         ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar

#simex

#ayy_nov2018

Sign Up

Upcoming Events