လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၁-၂၀၁၈) ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ရန်ကုန်-လပွတ္တာ အဝေးပြေးလမ်းမ၊ မီတာ (၄၀၀) ကားဝန်းအနီးတွင် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#ayy_Nov2018