လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၁-၂၀၁၈) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ဝန်တင်ကျေးရွာအုပ်စု၊ ဝန်တင် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၉၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ငလျင်ဘေးနှင့်ပတ်သက်၍ အသိပညာပေးဗီဒီယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#mgy_Nov2018