ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ပြင်သစ်သံအမတ်ကြီး လာရောက်တွေ့ဆုံမှုသတင်း

နိုဝင်ဘာ ၅၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာ နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H. E. Mr. Christian Lechervy က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်နေသော လူမှု ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဝန်ထမ်းဆိုင်ရာဝန်ဆောင်မှုကိစ္စရပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များ၊ ပြန်လည်ထူထောင် ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမူဝါဒများ၊ မြန်မာနိုင်ငံ၏ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် ကူညီပံ့ပိုးပေးနိုင်မည့်အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေးနှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များတွင် ပြင်သစ်နိုင်ငံမှ ကူညီပံ့ပိုးဆောင်ရွက်ပေးနေသည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်တိုးတက်မှုနောက်ဆုံးအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား နိုဝင်ဘာလမှစတင်၍ ပထမအသုတ်အနေဖြင့် စတင်လက်ခံဆောင်ရွက်မည့် အခြေ အနေနှင့် ပြင်ဆင်ထားရှိမှုများ၊ အဆိုပါနေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးတို့အတွက် ဝန်ကြီးဌာနနှင့် UEHRD ကော်မတီတို့မှ ဆောင်ရွက်ထားရှိမှုများ၊ ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများ အပါအဝင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ရှိ IDP စခန်းများအား ပိတ်သိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာချမှတ် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်တွင်း လူမှုသဟဇာတမျှတဖြစ်ထွန်းရေးအတွက် ဆောင်ရွက်နေမှုများ၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှ ထွက်ပေါ်လာသည့် သဘောတူညီချက် (၅၁) ချက်တွင် မိမိတို့ဝန်ကြီးဌာနနှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ အထူးသဖြင့် ပဋိပက္ခများတွင် ကလေးသူငယ်များ အကာအကွယ်ပေးနိုင်ရေးကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_Nov2018

Sign Up

Upcoming Events