လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဗန်းမော် ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာ၌ (၂၉-၁၀-၂၀၁၈) ရက်နေ့တွင် မိုင်းထိ ဒဏ်ရာရသူ (၁) ဦးနှင့် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ သင်္ဘောအင်းကျေးရွာတို့၌ (၂၉-၁၀-၂၀၁၈) ရက်နေ့တွင် မိုင်းထိ ဒဏ်ရာ ရသူ (၃) ဦး စုစုပေါင်း (၄) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်အား (၅-၁၁-၂၀၁၈) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#otr
#kcn_Nov2018