Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေး မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့ နံနက် (၁ဝး၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာ အ.လ.က (၁) အခြေခံပညာအလယ်တန်းကျောင်းတွင် သဘာဝဘေးအသိပညာ ပေးဟောပြောပွဲနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်အား အ.လ.က (၁) နှင့် (၂) တို့ ပူးပေါင်းကျင်းပ ဆောင်ရွက်ခဲ့ရာ အခမ်းအနားတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီးမှ အမှာစကားပြောကြား ကာ အခမ်းအနားကိုကျင်းပခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ … Read more
-
မိုးညှင်းမြို့၊ နန့်ပုန်ကျေးရွာ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊မိုးညှင်း ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့၊ နန့်ပုန်ကျေးရွာအုပ်စု၌ (၇-၁၁-၂၀၁၈) ရက်နေ့၊ (၂၁း၀၀) နာရီအချိန်တွင် ဖြစ်ပွား ခဲ့သောမီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀/-) ကျပ်၊ စုစုပေါင်း … Read more
-
ရေနံချောင်းမြို့၊ညောင်လှကမ်းနားရပ် မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေနံချောင်းမြို့၊ ညောင်လှကမ်းနားရပ်၌ (၁၂-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၁၄,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄,၇၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ထောင်စု (၁) စုစာတို့အား(၁၄-၁၁-၂၀၁၈) ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ နိုဝင်ဘာ ၁၄ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အား မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး H. E. Mr. Ichiro MARUYAMA က အဆိုပါဝန်ကြီးဌာနတွင် လာရောက်တွေ့ဆုံခဲ့ပါ သည်။ တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကို မြန်မာနိုင်ငံဘက်မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အဆင်သင့်ဖြစ်နေခဲ့မှုများနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံသဘောတူညီချက်အရ နိုဝင်ဘာလလယ်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးပို့ လာသောစာရင်းအရ ပထမအသုတ်(၂၂၅၁)ဦးကို ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံ ဘက်မှ ပြင်ဆင်ထားရှိမှုများ၊ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံပြီးနောက် လူသားချင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ လယ်ဝေးမြို့နယ်၊ သဲကောကြီး (အ.ထ.က) စာသင်ကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၆၀၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး စာသင်ကျောင်းအတွက် ဗီနိုင်းပိုစတာနှင့် ကျောင်းသား/သူများအား လက်ကမ်းစာစောင်နှင့် ဘောပင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_nov2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် Rescue အဖွဲ့အစည်းနှင့် PLAN (Myanmar) အဖွဲ့အစည်းတို့နှင့်ပူးပေါင်း၍ လူမှုဝန်ထမ်းဦးစီးဌာန၊ မူကြိုကျောင်း၌ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သော အသိ ပညာများဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #kcn_nov2018
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံး၌် သဘာဝ ဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအား သင်တန်းသား (၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သရက်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြန်/ဆက်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၄-၁၁-၂၀၁၈) ရက်နေ့မှ (၁၆-၁၁-၂၀၁၈) ရက်နေ့ အထိ သင်တန်းကာလ (၃) … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၃/၂၀၁၈) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် သံဖြူဇရပ်မြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ ဘုရင့်နောင်ခန်းမ၌် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ်(၃/၂၀၁၈) အား သင်တန်းသား (၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲတွင် သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်ဌာနများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၄-၁၁-၂၀၁၈) ရက်နေ့မှ (၁၆-၁၁-၂၀၁၈) ရက်နေ့အထိ သင်တန်းကာလ … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မိုင်းဆတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးငြိမ်းထွေးနှင့်အတူ မိုင်းဆတ်မြို့နယ်၊ မယ်နင်ကျေးရွာအုပ်စု၊ ကာနကျေးရွာတွင် (၈.၁၁.၂၀၁၈)ရက်နေ့ည (၂၀:၃၀)အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ထောင်စုတစ်စုအတွက် အိမ်ဆောက် ပစ္စည်းဖိုငွေ(၁၀၀၀၀၀/-)ကျပ်၊ ဘေးသင့်ပြည်သူ (၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ(၈၄၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၈၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၁)မျိုးတို့အား (၁၄.၁၁.၂၀၁၈)ရက်နေ့နံနက်ပိုင်းတွင် ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_nov2018 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၁-၂၀၁၈)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာရှိ အ.ထ. က ငပိ တက်ကြီးကျောင်း၌ ပြည်သူ(၂၀၀)ဦးအား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြော ပွဲပြုလုပ်ခဲ့ပြီး တာဝန်ရှိသူထံသို့ သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #tny_nov2018 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









