Category Archives: News
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီၤးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၁၁.၂၀၁၈)ရက်နေ့တွင် တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာ၌ ၂၀၁၅-၂၀၁၆/၂၀၁၇-၂၀၁၈ခုနှစ်များတွင် ကမ်းပါးပြိုကျမှုကြောင့် အိုးအိမ်မဲ့ဖြစ်နေသူများ အတွက် အိမ်ထောင်စု(၁)စုလျှင် (၁)သိန်းနှုန်းဖြင့် အိမ်ထောင်စု(၃၁)စုအတွက် ထောက်ပံ့ငွေ (၃၁)သိန်းကျပ်အား နတ်မော်ကျေးရွာအုပ်ချုပ်ရေး မှူးရုံး၌ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပြီးဖြစ်ကြောင်း သတင်းရရှိပါ သည်။ #ha_rbe #rke_nov2018 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၁-၂၀၁၈) ရက်နေ့တွင် ထားဝယ်မြို့၊ အ.လ.က (၂) ထားဝယ်ကျောင်း၌ ကျောင်းသား/သူ (၁၅၀) ဦးအားလည်းကောင်း၊ အ.ထ.က (၃) ထားဝယ်ကျောင်း၌ ကျောင်းသား/သူ (၂၅၀) ဦးအား လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #tny_Nov2018
-
“သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၈)” ပိတ်ပွဲအခမ်းအနား ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသည့် “သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၈)” ပိတ်ပွဲအခမ်းအနားအား (၂-၁၁-၂၀၁၈)ရက်နေ့ (၁၅းဝဝ)နာရီအချိန်၌ ကိုးသိန်း အားကစားကွင်းသင်တန်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး၊ ညွှန်ကြားရေးမှူးမှ အမှာစကားပြောကြား၍ သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းအား ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ (၅ဝ)ဦးဖြင့် (၂၉.၁၀.၂၀၁၈) ရက်နေ့မှ (၂.၁၁.၂၀၁၈)ရက်နေ့အထိ သင်တန်းကာလ (၅)ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2018 … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား World Bank အဖွဲ့နှင့် Mr. Roelf Meyer တို့မှ သီးခြားစီ လာရောက်တွေ့ဆုံမှုသတင်း
နိုဝင်ဘာ၂၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား World Bankမှ Country Director(Myanmar)ဖြစ်သူ Ms.Ellen Goldsteinနှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ကော်မတီ၏အကြံပေးအဖွဲ့၏အဖွဲ့ဝင်ဟောင်း တောင်အာဖရိကနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဟောင်း Mr. Roelf Meyer တို့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမတွင် သီးခြားစီလာရောက်တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကမ္ဘာ့ဘဏ်အဖွဲ့၏ IDA … Read more
-
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပမှုသတင်း
နေပြည်တော်၊ နိုဝင်ဘာ ၂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၏ (၂/၂၀၁၈) ညှိနှိုင်း အစည်း အဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် မသန်စွမ်းသူများ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီနှင့် နေပြည်တော်ကော်မတီတို့အား ဖွဲ့စည်းဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ … Read more
-
မီးဘေးကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ကျေးရွာ၌ (၁-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှလူဦးရေ (၁၉) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေစုစုပေါင်း (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၁,၅၀၀/-) ကျပ်အားလည်းကောင်း၊ မီးတားအဖြစ်ကြိုတင်ဖျက်ဆီးခဲ့သော နေအိမ် (၂) … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီ မံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သောင်ပြင်ကုန်းအုပ်စု၊ ကန့်လန့် ကုန်းကျေးရွာ၌ (၃၁-၁၀-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်အား (၂-၁၁-၂၀၁၈) ရက်နေ့ (၁၁း၀၀) နာရီ အချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #bgo_nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၁၈) ရက်နေ့တွင် လှိုင်းဘွဲ့မြို့နယ်၊ ရာခီဘောင်ကျေးရွာ စာသင်ကျောင်း၌ ဆရာ/ဆရာများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ စုစုပေါင်း (၂၀၀) ဦးအား သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #krn_Nov2018
-
ပြည်သူလူထုစကားဝိုင်း၌ ဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့၊ ဖလူးကျေးရွာ၌ (၃၁-၁၀-၂၀၁၈) ရက်နေ့တွင် ပြန်/ဆက်မှ ကျင်းပပြုလုပ်သော ပြည်သူလူထုစကားဝိုင်း၌ ဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များထည့်သွင်းဆွေးနွေးခဲ့ပြီး အဆိုပါအခမ်းအနားတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာအသီးသီးမှလည်း ဘာသာရပ်အလိုက် ပြည်သူလူထုနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #krn_Oct2018
-
မီးဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကောလင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၁-၂၀၁၈) ရက်နေ့တွင် ရွှေမင်းဝံလမ်းဘေး ကမ္ဘောဇဘဏ်တောင်ဘက် ဈေး အနီး၌ ငလျင်အသိပညာပေးဆိုင်းဘုတ်အစား မီးဘေးအသိပညာပေးဆိုင်းဘုတ်အား ပြန်လည်စိုက်ထူပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_Nov2018









