
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မိုင်းဆတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးငြိမ်းထွေးနှင့်အတူ မိုင်းဆတ်မြို့နယ်၊ မယ်နင်ကျေးရွာအုပ်စု၊ ကာနကျေးရွာတွင် (၈.၁၁.၂၀၁၈)ရက်နေ့ည (၂၀:၃၀)အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ထောင်စုတစ်စုအတွက် အိမ်ဆောက် ပစ္စည်းဖိုငွေ(၁၀၀၀၀၀/-)ကျပ်၊ ဘေးသင့်ပြည်သူ (၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ(၈၄၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၈၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၁)မျိုးတို့အား (၁၄.၁၁.၂၀၁၈)ရက်နေ့နံနက်ပိုင်းတွင် ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#shn_nov2018
Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)