
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေး မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့ နံနက် (၁ဝး၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာ အ.လ.က (၁) အခြေခံပညာအလယ်တန်းကျောင်းတွင် သဘာဝဘေးအသိပညာ ပေးဟောပြောပွဲနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်အား အ.လ.က (၁) နှင့် (၂) တို့ ပူးပေါင်းကျင်းပ ဆောင်ရွက်ခဲ့ရာ အခမ်းအနားတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီးမှ အမှာစကားပြောကြား ကာ အခမ်းအနားကိုကျင်းပခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိ ရပ်ဖများ၊ ကျေးရွာသူ/သားများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်း လူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၆၀၀) ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar_eqk
#ayy_nov2018