လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊မိုးညှင်း ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့၊ နန့်ပုန်ကျေးရွာအုပ်စု၌ (၇-၁၁-၂၀၁၈) ရက်နေ့၊ (၂၁း၀၀) နာရီအချိန်တွင် ဖြစ်ပွား ခဲ့သောမီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၀,၅၀၀/-) ကျပ်တို့အား (၁၄-၁၁-၂၀၁၈) ရက်နေ့တွင် မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများနှင့်အတူ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#kcn_nov2018