Category Archives: News
-
ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း နှစ်ပတ်လည်နေ့အခမ်း အနား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အမှာစကားပြောကြား
ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်၊ မြတ်မင်္ဂလာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသော အခမ်းအနားမှာနှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့ ကမ္ဘာ့ကလေးများနေ့ကို အမှီပြုပြီးကျင်းပခဲ့ခြင်းမှာ (၂၉) ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၃ ရက်ကို မြန်မာ့ကလေးများနေ့အဖြစ်သတ်မှတ်ပြီး အခမ်းအနားများဖြင့် ကျင်းပလျက်ရှိပါ ကြောင်း၊ … Read more
-
မီးဘေးသင့်နေအိမ်နှင့် ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဦးမှူးရုံးမှတာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ အောင်သာကျေးရွာ၌ (၁၆-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၈၀၀/-)ကျပ်နှင့် ကံသာကျေးရွာနှင့် မာန်မြေမြောက်စုကျေးရွာ (၂) ရွာ၌ (၁၉-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ်၊ ဆာကာကြီးအုပ်စု၊ အမှတ် (၈) ရပ်ကွက်၌ (၁၇-၁၁-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၈) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စု (၁) စုလျှင်ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၈,၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၅၈,၈၀၀/-) ကျပ်အား … Read more
-
မီးဘေးကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၌ (၁၉-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဒဏ်ရာရလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၂၀-၁၁-၂၀၁၈) ရက်နေ့၊ (၁၄း၄၅) နာရီ အချိန်တွင် မအူပင်ပြည်သူ့ဆေးရုံကြီး၌ ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fir #ayy_nov2018
-
ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ တောင်ရင်းကွက်သစ်၊ ဗောဓိသိပ္ပံဘုန်းတော်ကြီးပညာသင်ကျောင်း၌ (၂၀-၁၁-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) မှ (၁၅း၃၀) အချိန်အထိ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျာင်းသူ/သားများ၊ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်နေစဉ် တုံ့ပြန်ဆောင်ရွက်ရေး၊ ဘေးဖြစ်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခဲ့ခြင်းနှင့် လက်ကမ်းစာစောင်များ၊ မုန့်များဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
မိုးကြိုးဘေးကြောင့် ဘေးသင့်သေဆုံးသူ၏ မိသားစုအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာပင်လယ်သောင်၌ (၁၄-၁၀-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် ဘေးသင့်သေဆုံးသူ ဦးဆန်းထွန်း (၅၂) နှစ်အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်ကို ၎င်း၏သားဖြစ်သူအား သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှေ့မှောက်၌ (၂၀-၁၁-၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_tls #ayy_nov2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လုံခြုံစိတ်ချစွာ ခရီးသွားခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် FED တို့ပူးပေါင်း၍ (၁၉-၁၁-၂၀၁၈) ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ချောင်းစလလန်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လုံခြုံစိတ်ချစွာ ခရီးသွားခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ချောင်းစလန်းကျေးရွာ နေပြည်သူ (၃၈) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_nov2018
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
နိုဝင်ဘာ ၁၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား Japan Heart အဖွဲ့နှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများဖြစ်ကြသော UNHCR၊ UNICEF တို့မှ ဌာန ကိုယ်စားလှယ်များက ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် လာရောက်တွေ့ဆုံနှုတ်ဆက်ပါသည်။ Japan Heart အဖွဲ့နှင့်တွေ့ဆုံရာတွင် မကြာမီကာလက ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သော ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်တွင် ဆွေးနွေးခဲ့ကြသည့် ဆောင်ရွက်ရန်အချက်များအနက် တစ်ခုဖြစ်သည့် မျက်မမြင်အနှိပ်ပညာရပ် စနစ်တကျဖွံ့ဖြိုးတိုး တက်ရေးအတွက် Japan Heart အဖွဲ့နှင့်ပူးပေါင်းမည့် Blind … Read more
-
” ထူးခြားမိုးလေဝသအခြေအနေသတင်း”
(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်၊ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ======================================================= ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၄/၂၀၁၈) ======================================================= “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းပင်လယ် ကွေ့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက်(၃၆)နာရီ အတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရ ပါသည်။” သတိပေးနှိုးဆော်ချက် ================ (က) အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၃၆)နာရီ အတွင်း … Read more
-
မီးဘေးကြောင့် ဘေးသင့်နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု၊ ဂုံးနားကျေးရွာ၌ (၁၆-၁၁-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) မှ လူဦးရေ (၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု (၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်အား (၁၉-၁၁-၂၀၁၈) ရက်နေ့တွင် … Read more









