” ထူးခြားမိုးလေဝသအခြေအနေသတင်း”

20
(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်၊ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
=======================================================
ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၄/၂၀၁၈)
=======================================================

“ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းပင်လယ် ကွေ့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက်(၃၆)နာရီ အတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရ ပါသည်။”
သတိပေးနှိုးဆော်ချက်
================
(က) အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၃၆)နာရီ အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။
(ခ)မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်း ကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်
မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

Sign Up

Upcoming Events