လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ တောင်ရင်းကွက်သစ်၊ ဗောဓိသိပ္ပံဘုန်းတော်ကြီးပညာသင်ကျောင်း၌ (၂၀-၁၁-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) မှ (၁၅း၃၀) အချိန်အထိ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျာင်းသူ/သားများ၊ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်နေစဉ် တုံ့ပြန်ဆောင်ရွက်ရေး၊ ဘေးဖြစ်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခဲ့ခြင်းနှင့် လက်ကမ်းစာစောင်များ၊ မုန့်များဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#rke_nov2018