ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း

နိုဝင်ဘာ ၁၉၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား Japan Heart အဖွဲ့နှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများဖြစ်ကြသော UNHCR၊ UNICEF တို့မှ ဌာန ကိုယ်စားလှယ်များက ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် လာရောက်တွေ့ဆုံနှုတ်ဆက်ပါသည်။
Japan Heart အဖွဲ့နှင့်တွေ့ဆုံရာတွင် မကြာမီကာလက ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သော ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်တွင် ဆွေးနွေးခဲ့ကြသည့် ဆောင်ရွက်ရန်အချက်များအနက် တစ်ခုဖြစ်သည့် မျက်မမြင်အနှိပ်ပညာရပ် စနစ်တကျဖွံ့ဖြိုးတိုး တက်ရေးအတွက် Japan Heart အဖွဲ့နှင့်ပူးပေါင်းမည့် Blind Medical Massage System Development Project ဆိုင်ရာကိစ္စရပ်များ၊ မျက်မမြင်အနှိပ်ပညာရပ်အား စနစ်တကျသင်ကြားနိုင်ရေး သင်ရိုးညွှန်းတမ်းရေးဆွဲ ဆောင်ရွက်မည့် ကိစ္စ ရပ်များ၊ မျက်မမြင်အနှိပ်ပညာရပ်နှင့်ပတ်သတ်၍ အရည်အချင်း သတ်မှတ်စိစစ်ခြင်းပြုလုပ်၍ ဂျပန်-မြန်မာ Joint Certificate ထုတ်ပေးနိုင်ရေးကိစ္စရပ်များ၊ မျက်မမြင် အနှိပ်ပညာ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောအစီအမံများ၊ ညွှန်ကြား ချက်များ ထုတ်ပြန်နိုင်ရေးနှင့်စပ်လျဉ်း၍ ရှေ့ဆက်လုပ်ဆောင်မည့်အဆင့်များနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ပါသည်။
ထို့နောက် UNHCR ဌာနေကိုယ်စားလှယ်နှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံအစိုးရနှင့် UNHCR UNDP သို့ နားလည်မှု စာချွန်လွှာ ရေးထိုး၍ ဆောင်ရွက်လျက်ရှိသောကိစ္စရပ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် UNHCR တို့အကြား MOU ရေးထိုးဆောင်ရွက်မည့် ကိစ္စရပ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်ရေးနှင့် ပတ်သတ်၍ မြန်မာနိုင်ငံဘက်မှ နှစ်နိုင်ငံသဘောတူညီချက်အပိုင်း ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ နေရပ်စွန့်ခွာသူများ ဆန္ဒအလျောက် လုံခြုံစိတ်ချစွာဖြင့် ပြန်လည်ဝင်ရောက် နိုင်ရေးအတွက် UNHCR ဘက်မှ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှင့်ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အပြင် မလေးရှား၊ အိန္ဒိယနိုင်ငံတို့ရှိ ချင်း လူမျိုးများ မြန်မာနိုင်ငံသို့ ဆန္ဒအလျောက် ပြန်လည်ပို့ဆောင်ရေးကိစ္စရပ်များ၊ ထိုင်းနိုင်ငံရှိ မြန်မာလူမျိုးများ ပြန်လည်ပို့ဆောင်ရေး ကိစ္စရပ်များတွင် UNHCR မှ ပါဝင် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ UNICEF ဌာနေကိုယ်စားလှယ်နှင့်တွေ့ဆုံရာတွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသတို့တွင် ဆောင်ရွက်လျက်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားလာသော ကလေးအသက် (၂) နှစ်အထိ ငွေကြေးထောက်ပံ့မှုအစီအစဉ်၊ Maternal and Child Cash Transfer အခြေအနေများနှင့် ကယား၊ ကရင်၊ ရှမ်းပြည်နယ်များ နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တိုးချဲ့ဆောင်ရွက်မည့်အခြေအနေများ၊ UNICEF အဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ် (Management Information System) နှင့်ပတ်သက်၍ လက်ရှိ ဆောင်ရွက်နေမှုများနှင့် ဝန်ထမ်းများစွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ဥပဒေပြဌာန်းနိုင်ရေး ဆောင်ရွက် နေမှုများနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု၊ ရှေးဦးကလေးသူငယ်ပြုစုစောင့်ရှောက်ရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_nov2018

Sign Up

Upcoming Events