လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာပင်လယ်သောင်၌ (၁၄-၁၀-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် ဘေးသင့်သေဆုံးသူ ဦးဆန်းထွန်း (၅၂) နှစ်အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်ကို ၎င်း၏သားဖြစ်သူအား သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှေ့မှောက်၌ (၂၀-၁၁-၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_tls
#ayy_nov2018