ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း

20 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ်၊ ဆာကာကြီးအုပ်စု၊ အမှတ် (၈) ရပ်ကွက်၌ (၁၇-၁၁-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၈) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စု (၁) စုလျှင်ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၈,၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၅၈,၈၀၀/-) ကျပ်အား (၂၀-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၄၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe

#ayy_nov2018

Sign Up

Upcoming Events