Category Archives: News
-
သဘာဝဘေး အသိပညာပေး ဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၂-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ် အ.ထ.က (ရေလည်ကျွန်း) ၌ ကျောင်းသား/သူ (၁၇၀) ဦးကိုလည်းကောင်း၊ နေ့လည်ပိုင်းတွင် တောင်ရွာနောင်ကျေးရွာ၌ ရွာသူ/သား (၆၀) ဦးကိုလည်းကောင်း၊ သဘာဝဘေး အသိပညာပေးဟောပြောခြင်း၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ် များဖြစ်ပွားလာမှု၊ ငလျင်ဘေး၊ ရေဘေး၊ မီးဘေး၊ မိုးကြိုးဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ပိတောက်ကုန်းကျေးရွာအုပ်စု၊ ကြိတ်တန်းကျေးရွာ တွင် (၃၀.၁၁.၂၀၁၈)နေ့၌ မီးဘေးသင့်အိမ်ခြေ (၂) လုံး၊ ၎င်းအိမ်ထောင်စု (၂)စုရှိ လူဦးရေ (၅)ဦးတို့အတွက် (၃၂၃၅၃)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၂)အိမ်ထောင်စာ ကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၀၅၀ဝ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၃၁၀၅၀ဝ/-) ကျပ်တို့အား (၃-၁၂-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_dec2018 Source: … Read more
-
လှေတိမ်းမှောက်၍ သေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာ ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ပိုးလောင်းကျေးရွာ၌ (၂၈-၁၁-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်၍ လှိုင်းကြီးမှုကြောင့် လှေတိမ်းမှောက်၍ သေဆုံးသူ (၃) ဦးအတွက် ထောက်ပံ့ငွေ (၉၀၀,၀၀၀/-) ကျပ်အား (၃-၁၂-၂၀၁၈) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ သေဆုံးသူများ၏ မိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_dec2018
-
မင်းပြားမြို့နယ်၊ ကင်းဆိပ်ကျေးရွာအုပ်စု၊ မော်ရွာကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦး ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကင်းဆိပ်ကျေးရွာအုပ်စု၊ မော်ရွာကျေးရွာ၌် (၂၉-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၀၁း၂၀) အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ပျက်စီးသွားသော နေအိမ် (သွပ်မိုး/ဝါးကာ/ပျဉ်ခင်း) (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅) ပြည် (၂) ဘူးတို့အား (၃-၁၂-၂၀၁၈) … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၁၂.၂၀၁၈)ရက်နေ့ နေ့လည်ပိုင်းတွင် ဆီဆိုင်မြို့နယ်၊ အ.ထ.က ဘန်းယဉ်ကျောင်း၌ သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၂၇၀)ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်း လဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာ မှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟော ပြော ခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေး ဗီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်ပေးဝေခြင်း များဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Plan International Myanmar အဖွဲ့က လာရောက်တွေ့ဆုံမှုသတင်း
ဒီဇင်ဘာ ၃၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား Plan International Myanmar အဖွဲ့မှ Country Director ဖြစ်သူ Mr. Kelly Stevenson ဦးဆောင်သောအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် လမ်းပေါ်နေကလေးများကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးဌာနက ကနဦးလေ့လာဆန်းစစ်ခြင်း ဆောင်ရွက် ထားရှိမှုအခြေအနေ၊ ပြန်လည်ထူထောင်ရေး၊ ကျောင်းပြင်ပပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဆိုင်ရာဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး လူငယ်များနှင့်ပတ်သက်၍ လူငယ်ရေးရာမူဝါဒ အကောင် အထည်ဖော်ဆောင်ရွက်ရေး၊ လူငယ်သင်တန်းကျောင်းများတွင် လက်ခံထားသည့် … Read more
-
သဘာဝဘေး အသိပညာပေး ဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၁ဝး၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ဟေမာန်ကျေးရွာအုပ်စု၊ ကျုံလွှတ်ကြီးကျေးရွာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ခွင့်ပြုငွေဖြင့် ဆောက်လုပ်မည့် School Cam Shelter အတွက် လိုအပ်သည်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စုစာရေး၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာတာဝန်ခံများ၊ တင်ဒါအောင်မြင်သော ကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး သဘာဝဘေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကာ လက်ကမ်းစာဆောင်များ နှင့် … Read more
-
မီးဘေးသင့် ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိုင်မြို့နယ်၊ အင်းရောင်းကျေးရွာအုပ်စု၊ အင်းရောင်းကျေးရွာ တောင်ဘက်ရှိ သနပ်ခါးခြံအတွင်း၌ (၃၀-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၃-၁၂-၂၀၁၈) ရက်နေ့တွင် အထွေထွေ … Read more
-
မီးလောင်မှုကြောင့် သေဆုံးသူ၏ မိသားစုဝင်အား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၁-၂၀၁၈) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ နတ်မှော်ကျေးရွာအုပ်စု၊ ကျုံကိုင်းကျေးရွာ၌ ညအိပ်ပျော်နေစဉ် အိပ်ယာအနီးတွင်ထွန်းထားသော ဖယောင်းတိုင်မီး လဲကျရာမှ ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် သေဆုံးသူဒေါ်ရှောင်မူး (ခ) ဒေါ်လှ၊ အသက် (၇၈) နှစ်၊ (ဘ) ဦးအဖူးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား ၎င်း၏သားဖြစ်သူထံသို့ (၃-၁၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #mon_dec2018
-
အခြေခံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၁၂.၂၀၁၈) ရက်နေ့(၀၉:၀၀)နာရီတွင် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ “အခြေခံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်း”ဖွင့်ပွဲအခန်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဦးစီးမှူး (ဘစမ) က အဖွင့်အမှာစကား ပြောကြား၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်း ဖွင့်ပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ (၂၅) ဦးတက်ရောက်ပြီး ရေနံချောင်းမြို့နယ်အတွင်းမှ သင်တန်းသား/သူ (၅၀) ဦးတို့ တက်ရောက်ခဲ့ရာ သင်တန်းကာလမှာ (၃.၁၂.၂၀၁၈) ရက်နေ့မှ (၇.၁၂.၂၀၁၈) ရက်နေ့အထိ … Read more









