မီးဘေးသင့် ပြည်သူများအား ထောက်ပံ့မှုသတင်း

3_Pic_03 3_Pic_04လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိုင်မြို့နယ်၊ အင်းရောင်းကျေးရွာအုပ်စု၊ အင်းရောင်းကျေးရွာ တောင်ဘက်ရှိ သနပ်ခါးခြံအတွင်း၌ (၃၀-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀/-) ကျပ်နှင့်  ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၃-၁၂-၂၀၁၈) ရက်နေ့တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

Source:         ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#mgy_dec2018

Sign Up

Upcoming Events