လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၁-၂၀၁၈) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ နတ်မှော်ကျေးရွာအုပ်စု၊ ကျုံကိုင်းကျေးရွာ၌ ညအိပ်ပျော်နေစဉ် အိပ်ယာအနီးတွင်ထွန်းထားသော ဖယောင်းတိုင်မီး လဲကျရာမှ ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် သေဆုံးသူဒေါ်ရှောင်မူး (ခ) ဒေါ်လှ၊ အသက် (၇၈) နှစ်၊ (ဘ) ဦးအဖူးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား ၎င်း၏သားဖြစ်သူထံသို့ (၃-၁၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#mon_dec2018