လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၁၂.၂၀၁၈) ရက်နေ့(၀၉:၀၀)နာရီတွင် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ “အခြေခံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်း”ဖွင့်ပွဲအခန်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဦးစီးမှူး (ဘစမ) က အဖွင့်အမှာစကား ပြောကြား၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်း ဖွင့်ပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ (၂၅) ဦးတက်ရောက်ပြီး ရေနံချောင်းမြို့နယ်အတွင်းမှ သင်တန်းသား/သူ (၅၀) ဦးတို့ တက်ရောက်ခဲ့ရာ သင်တန်းကာလမှာ (၃.၁၂.၂၀၁၈) ရက်နေ့မှ (၇.၁၂.၂၀၁၈) ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရှိရပါသည်။
#ar
#mgy_dec2018
Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)